
ကိုယ့်ဘဝမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်တာတွေပဲ အမြဲကြုံနေရလား၊ ကိုယ်ကြံစည်ထားသမျှ အမြဲလွဲချော်နေလား၊ ဒါဆိုရင်တော့ ဒီဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေက သင်တို့ကို ခပ်ထေ့ထေ့လေးကြည့်ပြီး ရယ်နေပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုရင် သူတို့တွေလောက် ဘယ်သူမှ မလွဲနိုင်လို့ပါပဲ 2018မှာ JTBCက ထုတ်လွှင့်ခဲ့ပြီး တစ်ကားလုံးက အရယ်သန်သူဆို ခွက်ထိုးခွက်လန်ရယ်၊ အရယ်မသန်တဲ့သူဆို ပါးစပ်မစိနိုင်အောင်ဖြစ်စေခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Welcome to Waikikiကို တင်ဆက်ပေးလိုက်ပါပြီ "ဂင်ချားနား" တစ်ခွန်းထဲနဲ့ မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ စိတ်ပင်ပန်းစရာတွေ၊ စိတ်ဓါတ်ကျစရာတွေများနေတဲ့ ခုလိုအချိန်မှာ စိတ်အပန်းဖြေဖို့၊ ဘဝကိုဟားတိုက်ရယ်မောပစ်ဖို့ အကောင်းဆုံးဓါတ်စာဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ ..... ရည်မှန်းချက်ကို မိုးထိအောင်ကြီးတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ဒါရိုက်တာရူး Dong Goo ( Kim Jung Hyun) မင်းသားရူး Jong Ki ( Lee Yi Kyung) နဲ့ စာရေးဆရာပိုးထနေတဲ့ Doo Sik ( Son Seung Won) တို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ ကိုရီးယားနိုင်ငံ အီထယ်ဝန်းအရပ်မှာ Waikiki (ဝိုင်ကီကီ) အမည်နဲ့ တည်းခိုရိပ်သာလေးဖွင့်ကာ အဲ့ဒီကအမြတ်အစွန်းတွေနဲ့ ရုပ်ရှင်တစ်ကားရိုက်ပြီး "လာသွားမယ် ဟောလိဝုဒ် "အိပ်မက်ကို အကောင်အထည်ဖော်ချင်ကြတာပါ ဒါပေမဲ့လည်း ကံဆိုးမနောက် လိုက်တဲ့မိုးသာ ခမ်းသွားမှာပါ သူတို့ရဲ့ တည်းခိုခန်းလေးကတော့ ဧည့်သည်မလာသလို သူတို့ရဲ့ မဟာရည်မှန်းချက်ကြီးကလည်း ပျောက်လုဆဲဆဲပါပဲ၊ အဲ့ဒီအချိန်မှာ သူတို့ရဲ့ဧည့်ရိပ်မြုံလေးကို Yoon Ah (Jung In Sun) လို့ခေါ်တဲ့ တစ်ကိုယ်တော်မိခင်တစ်ယောက် ထူးထူးဆန်းဆန်း ရောက်ရှိလာတဲ့အခါ အစကတည်းကလွဲနေတဲ့ဘဝတွေက ဘယ်လောက်ထိဆက်ပြီးလွဲချော်ကြဦးမလဲဆိုတာကို အပိုင်းတိုင်းမှာ အစအဆုံး ဝါးလုံးကွဲရယ်မောရင်း ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်တွေကတော့ JimX, Amelia, Shwe Pyae, Thet Hnin Hsu, Kim Khin Hana, Eain Lay, Milkeux တို့ပဲ ဖြစ်ကြပါတယ်။ Episodes: 20 Genre: Comedy, Drama Duration: 1 hr. 5 min. Quality: 720p Size: 500MB Subtitle: Myanmar (Hardsub) Translators: JimX, Amelia, Shwe Pyae, Thet Hnin Hsu, Kim Khin Hana, Eain Lay, Milkeux Encoder: August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။