
လက်ရှိထွက်ရှိနေတဲ့ ကိုရီးယားစီးရီးအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်... My Girl , Goblin Series တွေနဲ့အောင်မြင်မှု့တွေအများဆုံးရထားတဲ့ တောင်ကိုရီးယားထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ Lee Dong-wook ရဲ့ ၂၀၁၉ မှာ ရေပန်းစားနေတဲ့ Touch Your Heart စီးရီးဖြစ်ပါတယ်.... ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်.... မင်းသမီးအိုယွန်ဆိုးဟာ မူးယစ်ဆေးသုံးတယ်ဆိုတဲ့ စွပ်စွဲချက်ကောလာဟလကြောင့် နာမည်ဂုဏ်သတင်း ကျဆင်းသွားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါ အပြစ်ကင်းမှုကိုသက်သေပြပြီးနောက်မှာလည်း အနုပညာနယ်ပယ်ထဲ ပြန်ဝင်ဖို့ ခက်ခဲနေခဲ့ပါတယ် ဒီလိုအချိန် သူရို်က်ခွင့်ကြုံလာတဲ့ရုပ်ရှင်ကားမှာ သူကရှေ့နေဇာတ်ရုပ်နေရာက သရုပ်ဆောင်ရမှာဖြစ်လို့ သရုပ်ဆောင်မတော်တဲ့ သူ့အနေနဲ့ ရှေ့နေရုံးတစ်ခုမှာ လက်တွေ့လေ့လာကြည့်ဖို့ လိုအပ်လာပါတော့တယ် ရှေ့နေကွမ်ဂျွန်ဝူးက အလွန်တော်ပေမယ့် တိတိကျကျရှိပြီး အေးစက်စက်နိုင်လှတဲ့ ရှေ့နေတစ်ဦးပါ ဒါရိုက်တာရဲ့အမိန့်ကိုမလွန်ဆန်နိုင်ပဲ မင်းသမီးအိုယွန်ဆိုးကို သူ့အတွင်းရေးမှူးအနေနဲ့ လက်ခံလိုက်ရတဲ့အခါမှာ.. ကမောက်ကမတွေ စဖြစ်လာပါတော့တယ် အခြေကြီးကြီးရွှေမင်းသမီးနဲ့ မာနထိပ်ခေါင်ရှေ့နေကြီးတို့ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် သာမန်အချစ်ဇာတ်လမ်းကိုမှ ဟာသနည်းနည်းရောမွှေထားလို့ ကြည့်လို့ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်လာမှာပါ... ဒီဇာတ်ကားကို ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီးတော့ အပတ်စဉ် ဗုဒ္ဒဟူးနဲ့ ကြာသာပတေးနေ့တိုင်း tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီးတော့ Channel Myanmar ကနေ အချိန်နဲ့တပြေးညီ ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။