
CM ပရိသတ်ကြီးကို အရမ်းကိုရယ်ရတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဝဘ်တွန်းရေးဆရာဂျိုဆော့နဲ့ သူ့မိသားစုအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ ဘယ်လိုဆွဲဆွဲ ထုတ်ဝေသူသဘောမကျတဲ့အဆုံး သူတို့မိသားစုရဲ့အလွဲပေါင်းစုံကို ကာတွန်းထဲထည့်ဆွဲတော့မှပဲ အောင်မြင်သွားတော့တာပါ တကယ့်ကိုအလွဲများနဲ့မိသားစုပါပဲ မိသားစုဝင်လေး လေးယောက်ရှိတာကို တစ်ယောက်တစ်မျိုး မရိုးရအောင် လွဲနေတဲ့မိသားစုပါ သူတို့နေတဲ့တိုက်တစ်တိုက်လုံးကိုဒုက္ခပေးပြီး ငါတို့မိသားစုပဲပုံမှန်ဖြစ်နေတာ ဆိုတာမျိုးကလည်း ရှိပါသေးတယ် တစ်မိသားစုလုံးပတ်ခွီနေရတဲ့အထဲမှာ ဂျိုဆော့က အယ်ဘုံဆိုတဲ့ကောင်မလေးနဲ့ကြိုက်တဲ့အခါ ပိုလို့တောင်ခွီရပါသေးတယ်.. တစ်ခါမှရည်းစားမထားဖူးတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် အတည်တွေလုပ်နေရင်းကို လွဲလွဲကုန်တာပါ အပိုင်း ၁၀ ပိုင်းလုံး တစ်ချက်မှမရပ်မနား ပိုးဆိုးပက်စက်ခွီနေရဖို့ အာမခံပါတယ် ပေါတောတောခွီနေရတာမျိုးမဟုတ်ပဲနဲ့ အဓိပ္ပာယ်ရှိရှိကြီးကိုခွီရမှာပါ..
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။