
သမိုင်းနောက်ခံအချစ်ဇာတ်လမ်းအမိုက်စားလေးတွေကို မျှော်လင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုတွေကို စိတ်ဝင်စားဖွယ်ဖော်ညွှန်းထားတဲ့ ဂျိုဆွန်းခေတ်နောက်ခံဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ ... အရက်သေစာရောင်းဝယ်ဖောက်ကားမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ ကာလကြီးမှာ အောင်မြင်မှုအတွက် ယန်ဟန်းမြို့တော်ကိုတက်လာပြီး တရားရေးဌာနမှာအလုပ်လုပ်နေသူ အထောက်တော်လေး Nam Young အကြွေးတွေကိုဆပ်ဖို့အတွက် အရက်ပုန်းရောင်းရုံသာမက ရရာအလုပ်နဲ့ မိသားစုကိုရှာကျွေးနေရတဲ့ကောင်မလေး Kang Ro Seo နဲ့ အရက်သေစာသောက်စားမှုတားမြစ်ထားပေမယ့် စည်းမျဥ်းတွေကိုဂရုမစိုက်ဘဲ နန်းတော်အပြင်ကိုခိုးခိုးထွက်ပြီး သောက်စားနေတတ်တဲ့ ပြဿနာအိုးမင်းသားလေး Lee Pyo ကိုယ်လိုချင်တာကိုရအောင်ယူတတ်တဲ့ မျိုးရိုးမြင့်မိသားစုရဲ့ သခင်မလေး Han Ae jin တို့လေးဦး ဆုံစည်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူတို့လေးဦးရဲ့ ဘယ်လိုကမောက်ကမအဖြစ်အပျက်လေးတွေနဲ့ ဆုံစည်းဖြစ်ကြမလဲ ? ဘယ်လိုအမှုတွေ ဘယ်လိုအခြေအနေတွေနဲ့ စုံစမ်းမှုတွေကို ရင်တထိတ်ထိတ်နဲ့ လုပ်ဆောင်ကြမလဲ ? လူငယ်တွေကြား ဘယ်လိုအချစ်ဇာတ်လမ်းမျိုးတွေ ပေါက်ဖွားလာကြမလဲ ? ဆိုတာကိုတော့ အခုတင်ဆက်ပေးထားတဲ့ When Flowers Bloom, I Think of the Moon (Moonshine) ကားလေးကို အပတ်စဥ်စောင့်ကြည့်ရင်း ရင်ခုန်လိုက်ကြရအောင်နော်။ ပါဝင်ထားတဲ့ cast တွေကလည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Yoo Seung Ho, LeeHyeri, Byun Woo Seok, Kang Mi Na တွေပဲဖြစ်လို့ သူတို့ လေးဦးရဲ့ အလန်းစားသရုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Aired: December 20, 2021 -- Aired On: Monday - Tuesday Genres: Action, Historical, Comedy & Romance Duration: 1hr 10mins Episodes: 16 Translated by Lwin Lwin Aung, Ei Phyu Khin, Hnin Pale & Yumeko Encoded by Kinnov
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။