
Guns & Gulaabs 2023 IMDb - 8.1/10 The Family Man, Farzi တို့လို အိန္ဒိယစီးရီးမှာ မြင်တွေ့နေကျပုံစံမဟုတ်ဘဲ ဆန်းသစ်တဲ့တင်ဆက်မှုတွေနဲ့ အမြဲဖန်တီးတတ်တဲ့ Raj & DK တို့ရဲ့လက်ရာအသစ်ကို Netflix ကနေပူပူနွေးနွေးထွက်ရှိထားလို့ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Rajkummar Rao, Dulquer Salmaan တို့အပြင် The White Tiger ဇာတ်ကားထဲက Adarsh Gourav စတဲ့ နာမည်ကြီးမင်းသားတွေ အများကြီးနဲ့ရှယ်ကြမ်းထားပြီး casts တွေနဲ့တင်ကြည့်ရတန်နေပါပြီ။ ဇာတ်လမ်းကတော့ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေတုန်းကအငွေ့အသက်တွေ ပြန်ရစေတဲ့အပြင် ဆန်းသစ်တဲ့ ဇာတ်လမ်းတင်ဆက်ပုံတွေကြောင့် rating အများကြီးရထားတဲ့ black comedy, crime, thriller စီးရီးတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂူလာ့ဘ်ဂျီဆိုတဲ့မြို့ငယ်လေးထဲမှာ ဂန်ချီဆိုတဲ့ဆရာကြီး လက်ဝါးကြီးအုပ်နေပြီး အိန္ဒိယရဲ့ဒုတိယအကြီးဆုံး ဘိန်းချက်စက်ရုံရှိတဲ့နေရာလည်းဖြစ်ပါတယ်။ တစ်နေ့မှာ မြို့ထဲကိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးအရာရှိ အသစ်ပြောင်းလာပြီး သူတို့စက်ရုံမှာလုပ်နေကျ အညှီအဟောက်တွေကို ရှာတွေ့သွားတဲ့အခါ.... တစ်ဖက်မှာလည်း သာမန်စက်ပြင်ဆရာလေးက ဂန်ချီလက်အောက်မှာအလုပ်လုပ်နေတဲ့ အဖေဖြစ်သူ ရုတ်တရက်အသတ်ခံလိုက်ရတာကိုလိုက်လံစုံစမ်းရင်း ဖုံးကွယ်တဲ့အမှန်တရားတွေ တစ်စတစ်စပေါ်လာတဲ့ချိန်မှာတော့ ဘယ်နေရာမဆို ဂန်ချီရဲ့နား၊ မျက်စိဖြစ်နေတဲ့ မြို့သေးသေးလေးထဲမှာ သူတို့ဘယ်လို စုံစမ်းရှာဖွေမယ်ဆိုတာကို action vibe အပြည့်အဝခံစားနိုင်မှာမို့ မလွှတ်တမ်းကြည့်ရှုသင့်တဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ YH ~ Yunni ~ Aditi ~ Cherry~V တို့ပဲဖြစ်ပါတယ်။) File Size – 800MB / 400MB Quality – 1080p WEB DL / 720p Duration – 50m Total Episodes: 7Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy ~ Crime~ Romance Translator – YK Encoder – Moon ~ YH ~ Yunni ~ Aditi ~ Cherry~V
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။