
အားလုံးစောင့်မျှော်နေတဲ့ F4 Thailand Version လေးထွက်လာပါပြီ GMM25 ကနေ အပတ်စဉ် စနေနေ့တိုင်း ည ၈ နာရီခွဲမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ် စုစုပေါင်း အပိုင်း ၁၆ ပိုင်းအထိ ပြသသွားမှာပါ ဒီဇာတ်ကားက ဂျပန် Manga တစ်ခုဖြစ်တဲ့ "Hana Yori Dango" ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် "ဇာတ်လမ်းအကျဉ်း" ဂေါ်ယာက ဆင်းရဲတဲ့မိသားစုက မိန်းကလေးတစ်ယောက်ပါ ဒါပေမယ့် လူချမ်းသာတွေတက်တဲ့ကျောင်းမှာ တက်ဖို ပညာသင်ဆုရခဲ့တယ် ကျောင်းကိုတော့ နာမည်ကြီးပြီး ဩဇာလွှမ်းမိုးမှုရှိတဲ့ F4 အဖွဲကပဲ အုပ်ချုပ်ကြတယ် သူတိုက ကျောင်းမှာရှိတဲ့လူတွေကို အနိုင်ကျင့်ကြတယ် ဂေါ်ယာက သူတိုအနိုင်ကျင့်တာကို အာခံရဲတဲ့ တစ်ဦးတည်းသောကျောင်းသူဖြစ်ခဲ့တယ် ဒါကြောင့် သူတို လေးယောက်စလုံး အံ့ဩသွားကြတယ် အထူးသဖြင့် အဖွဲခေါင်းဆောင်ဖြစ်တဲ့ ထမ်က အရမ်းအံ့ဩနေခဲ့တယ် ဂေါ်ယာဆီက အကန်ခံခဲ့ရပေမယ့် ထမ်က သူမကို စိတ်ကူးယဉ်ဆန်ဆန်ချဉ်းကပ်ခဲ့တယ် ဒါပေမယ့် ဂေါ်ယာက သူ့ကို စိတ်မဝင်စားခဲ့သလို အထင်လည်းမကြီးလာခဲ့ဘူး ထမ်ရဲ့ အချစ်ဆုံးသူငယ်ချင်း လန်ကိုပဲ ဂေါ်ယာကကြိုက်နေခဲ့တယ် လန်ကတော့ အချစ်ဦးကိုပဲ ချစ်နေခဲ့တယ် မတူညီတဲ့အသိုင်းအဝိုင်းတွေနဲ့ ပက်သက်တဲ့အခါ ဖြစ်လာမယ့် ရှုပ်ထွေးမှုတွေ အချစ်ဆိုတဲ့ ခံစားချက်နဲ့ ပက်သက်တဲ့ ရှုပ်ထွေးမှုတွေ ဒီလို ရှုပ်ထွေးမှုတွေထဲမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို Boys Over Flowers မှာ ဆက်လက်ကြည့်ရှုကြပါရှင်................. [ဇာတ်လမ်းတွဲအညွှန်းကို Angel မှ ရေးသားပေးထားပါသည် ] Episodes: 16 Aired: Dec 18, 2021 - April 9, 2022 Aired On: Saturday Genres: Romance Translated by Moe Lay, Myo Myo Htet, Angel & Chothet_Mlmt Encoded by Pinkploy
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။