
💕မင်္ဂလာပွဲဖျက်ရန် ၄၆ရက်တာ💕 New Upcoming Series🙈 Casts ယင်ယင် အဖြစ် Baifern Pimchanok နွီုင်းနာ အဖြစ် Mild Lapassalan ကွန် အဖြစ် Non Chanon ဖတ်အဖြစ် Off Jumpol ဝိဆာ အဖြစ် Ployphach ဇာတ်လမ်းအကျဉ်း ယင်ယင်နဲ့ နွိုင်းနာတို့ကက အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အားနွဲ့တဲ့ နွိုင်းနာကို ယင်ယင်ကပဲ အမြဲ ဂရုစိုက်ခဲ့ရပါတယ် နွိုင်းနာရဲ့ ရည်မှန်းချက်က သူ့ကိုကာကွယ်ပေးနိုင်မယ့် မင်းသားလေးနဲ့ လက်ထပ်ဖို့ပါပဲ အားလုံး ကောင်းမွန်နေတဲ့ နွိုင်းနာဟာ အချစ်ရေးမှာတော့ ကံမကောင်းခဲ့ပါဘူး ကံကြမ္မာအရ ချစ်တဲ့သူတိုင်း အလုခံနေရခဲ့ပါတယ် နွိုင်းနာ စိတ်ဓာတ်မကျအောင် ယင်ယင်နဲ့ ဗေဒင်ဆရာမပေါင်းပြီး လိမ်ဟောပေးလိုက်ရာက ဒီဇာတ်လမ်း စလာပါတော့တယ် ဆရာမအဟောအရ နွိုင်းနာရဲ့လက်တွဲဖော်က လူတွေကိုပြုစုစောင့်ရှောက်ပေးရတဲ့သူဖြစ်ပြီး ကွန် ဆိုတဲ့ဆရာဝန်အဆင်လေးနဲ့တွေ့ရာက လက်တွဲဖော်လို့ ယုံကြည်ကာ သဘောကျသွားပါတော့တယ် ဒါပေမယ့် ပြဿနာရှိနေတာက ကွန်မှာက နှစ်ကာလရှည်ကြာတွဲလာခဲ့တဲ့ကောင်မလေးရှိနေပြီးမကြာခင်မှာလက်ထပ်ကြတော့မယ်😱 ဒီတော့အလွယ်တကူလက်လွှတ်လိုက်မလား လက်ထပ်ပွဲကျင်းပဖို့ ၄၆ရက်သာကျန်ရှိမယ့်အချိန်အတွင်း ဒီမင်္ဂလာပွဲကိုရအောင်ဖျက်မလားဆိုတာ စဉ်းစားစရာဖြစ်လာခဲ့တဲ့နောက် နွိုင်းနာက ယင်ယင်ကိုသူကြိုက်တဲ့ ဆရာဝန်ရဲ့မင်္ဂလာပွဲကိုဖျက်ပေးမလား Baifern ရဲ့အကြွေးကိုဆပ်မလားမေးလာခဲ့ချိန်မှာတော့ ၄၆ ရက်အတွင်းမင်္ဂလာပွဲကိုနည်းမျိုးစုံနဲ့ ဖျက်ဆီးဖို့ကြိုးစားရာကနေ ဒီဇာတ်လမ်းလေးစတင်လာခဲ့ပါတော့တယ်... အချစ်ရေးဆိုးခဲ့တဲ့ နွိုင်းနာတစ်ယောက် ဆရာဝန်လေးကိုရော အလုခံရဦးမလား ကွန်ရဲ့ ချစ်သူကပဲ လက်ထပ်ပွဲ မပျက်အောင်ထိန်းနိုင်မလား ယင်ယင်ကပဲ ရအောင်ဖျက်နိုင်မလားဆိုတာ " မင်္ဂလာပွဲဖျက်ရန် ၄၆ရက်တာ" ဇာတ်လမ်းတွဲမှာ ကြည့်ကြရအောင်...။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: 46วันฉันจะพังงานวิวาห์ Episodes: 18 Aired: Jul 7, 2021 - ? Aired On: Wednesday, Thursday Original Network: GMM 25 Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။