
မင်းသား Park Seo Joon နဲ့ မင်းသမီး Park Min Young တို့ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲက Jung Kyun Yoon ရဲ့ နာမည်ကြီး webtoon တစ်ခုကိုအခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။မင်းသားရော မင်းသမီးရော ဇာတ်လမ်းနဲ့တွဲဖက်ညီလှပါတယ်။ ဒီဇာတ်လမ်းမှာ Park Seo Joon က ကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌ လီယောင်ဂျွန်းအဖြစ်ပါဝင်ထားပြီး Park Min Young ကတော့သူရဲ့ Secretary ဂင်မီဆိုအဖြစ်ပါဝင်ထားပါတယ်..။ ဒုဥက္ကဌလီယောင်ဂျွန်းက လုပ်ငန်းပိုင်းမှာအောင်ကျော်ကြားယုံတင်မဟုတ်ဘဲ Personal ပိုင်းအရလဲ သန့်လွန်းလို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေမယ့် မိန်းမဆိုရင် လုပ်ငန်းသဘောကလွဲလို့ အကပ်မခံသူမို့ မိဘတွေကိုယ်တိုင်က သူတို့သားလေး အပုန်းဖြစ်နေမှာကို စိုးရိမ်နေရရှာတဲ့ ကိုယ်တော်ချောပါ။ အလုပ်ကိုလဲ နင်းကန်ဖိလုပ်တတ်သူဖြစ်သလို သေချာတိကျပြီး သူများမှားရင်လဲ အလိုလို အလာ့ဂျစ်ထလာတတ်တဲ့ ဇီဇာကြောင် လူထူးချွန်ပါ။ ဘယ်သူ့ကိုမှ တော်ယုံမကိုးစားတတ်တဲ့ကိုယ်တော်ချောရဲ့ ဘေးမှာ အတွင်းရေးမှူးရာထူးယူထားရတဲ့ ဂင်မီဆိုရဲ့ ဘဝကတော့ ပြောဖွယ်ရာမရှိတော့ပြီ....အလုပ်ပြီးအလုပ်ပဲဆက်နေလို့ သူ့ခမျာ ခပ်ချောချောမိန်းမလှလေးဖြစ်ပေမယ့် ဖွန်ကြောင်ဖို့တောင် အချိန်မရှိရှာပါဘူး။ သူတို့နှစ်ယောက်ဒီလိုနေထိုင်လုပ်ကိုင်ရင်း ကုမ္ပဏီကြီးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခဲ့အပြီး ၉ နှစ်အကြာမှာတော့ ဂင်မီဆိုတစ်ယောက် လူ့ဂွစာဒုဥက္ကဌရဲ့ အတွင်းရေးမှူးရာထူးကနေ နှုတ်ထွက်တော့မယ်ဆိုတာ ဖွင့်ဟ လာတဲ့အချိန်မှာတော့...။ တစ်သက်လုံးငြိမ်ဆိတ်လာတဲ့ ဒုဥက္ကဌရဲ့ နှလုံးသားလေး ဘယ်ထဲချောင်ပိတ်မိနေလဲဆိုတာ အဖြေရှာရင်း ပျော်ရွှင်ရယ်မောဖွယ် ကြည့်ရှုရမယ့် ကိုရီးယားဒရမ်မာဇာတ်လမ်းကောင်းလေးပါ။ ဒီဇာတ်လမ်းကို ကြိုက်မိတဲ့အချက်တွေထဲက တစ်ချက်လောက်ဆွဲထုတ်ရမယ်ဆိုရင် လူဆိုတာကိုယ်လုပ်ရမယ့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး အကောင်းဆုံးလုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတဲ့ ကြီးပွားရေးအချက်ကိုပဲ ဆွဲထုတ်ပြချင်ပါတယ်။ဘယ်လိုအခက်အခဲတွေပဲရှိပေစေ...ကိုယ်မလုပ်ချင်တဲ့အလုပ်ပဲဖြစ်ပါစေ...ကိုယ့်တာဝန်ကျလာရင် Professional ကျကျ ဆောင်ရွက်လုပ်ကိုင်ရမယ်ဆိုတဲ့ ဒီအချက်လေးကို တကယ်ပဲချစ်မြတ်နိုးမိပါတယ်။ ချစ်စရာ ပျော်ရွှင်ဖွယ်ရာ တင်ဆက်ထားလို့ ပျော်ပျော်ပါးပါးကြည်ကြည်နူးနူးခံစားဖို့ အခုပဲအားပေးလိုက်ရအောင်ပါ။ (ဘာသာပြန်တင်ဆက်ထားသူများကတော့ CM K-Family မှ Lwin Lwin Aung, Hsu Myat Noe Aung, Chu Chu, Pwint Oo May, Carey Nyein, May Thu, May Khaing Zin Htun, EinGyin Phyu, Thin Zar Htet တို့ပဲဖြစ်ပါတယ်။) Quality – HDTV Rip 720p Duration – 60 Min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Encoder – Nyeinsaeya Aung
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။