
ယွန်းဒန်အိုဟာ မျိုးရိုးမြင့်အိမ်တော်ရဲ့ အချစ်ခံ အငယ်ဆုံးသမီးလေးဖြစ်ပေမဲ့ ဖခင်ဆုံးပါးပြီးနောက်မှာတော့ အီဟွာ၀န်း တည်းခိုဆောင်လေးကိုဖွင့်ပြီး တစ်မိသားစုလုံးကို ရှာကျွေးနေသူလေးဖြစ်ပါတယ်,,, အီဟွာ၀န်း တည်းခိုဆောင်လေးရဲ့ အထူးဧည့်သည်တော်တွေကတော့ ဂန်ဆန်း ၊ ဂင်ရှီယောလ် ၊ ဂျောင်ယူဟာဆိုတဲ့ လူချောလေးသုံးယောက်ပါ,,, တစ်အိမ်တည်းမှာ လူချောလေးသုံးယောက်တောင် စုနေတာဆိုတော့ ယွန်းဒန်အိုတို့ရင်ထဲမှာလည်း နွေဦးလေပြည်လေးတွေ တိုက်ခတ်လို့နေတာပေါ့,,,, ကံဆိုးချင်တော့ ဒန်အိုတစ်ယောက် ကြည်နူးနေလို့မဆုံးသေးခင်မှာပဲ မိုးကြိုးပစ်ချပါတော့တယ်,,, ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူရဲ့ အကြွေးတွေကြောင့် အီဟွာ၀န်းကို ထုတ်ပေးရတော့မဲ့အခြေအနေကို ရောက်လာပါတယ်,,, ဒန်အိုက ပိုက်ဆံပြန်မဆပ်နိုင်တာဖြစ်လို့ အကြွေးရှင်ကို သွားရှာပြီး ပိုက်ဆံအစား အကြွေးရှင်ရှာချင်နေတဲ့ နန်းကျအိမ်ရှေ့စံရဲ့ အကြီးဆုံးသား အီဆောလ်ဆိုသူကို ရှာပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်,,, ဒန်အိုနဲ့အတူတူ လူချောလေးသုံးယောက် ပူးပေါင်းပြီး အီဆောလ်ကို ရှာဖွေကြတဲ့အခါမှာတော့.... The Glory ထဲက ဗီလိန်မလေး Shin Yeeun နဲ့အတူ Ryeo Un , Kang Hoon , Jung Gun Joo အစရှိတဲ့မင်းသားချောလေးသုံးယောက်က ပါ၀င်သရုပ်ဆောင်ထားပါတယ် လျှို့ဝှက်ဆန်းကြယ်ပြဿနာအထွေထွေကို ဒန်အိုနဲ့အတူတူ လိုက်အဖြေရှာရင်း မချောတစ်ယောက် မောင်သုံးယောက်ကြားက လေးပွင့်ဆိုင်အချစ်ကိုလည်း ရင်ခုန်စွာ စောင့်ကြည့်ကြစို့နော်,,,, Aired:Mar 20, 2023 - May 16, 2023 Aired On: SMonday, Tuesday Genres: Historical, Mystery, Romance, Drama Duration: 70mins Episodes: 18 Original Network: TVING, tvN File Size: 1080p(~850MB) , 720p(~300MB) Translated by Hnin Wut Yi, Win,Hnin Wai Oo & Tiff Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။