
မီနာ အဖြစ် Nune Woranuch ထန် အဖြစ် Joss Way-ar အာထစ် အဖြစ် Iang Sittha ခေထီ အဖြစ် Jan Ploychompoo ဇာတ်လမ်းအကျဉ်း မီနာဆိုတဲ့မိန်းကလေးက အွန်လိုင်းပစ္စည်းတွေကို လိုက်ပို့ပေးတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဖြစ်ပြီး အာထစ်ကတော့ လိုင်းပေါ်ကနေပစ္စည်းတွေမှာရကြိုက်သူတစ်ယောက်ဖြစ်ပါတယ် ခေထီကတော့ အာထစ်ရဲ့ချစ်သူဖြစ်ပြီး စိတ်အလိုမကျတိုင်း လမ်းခွဲမယ်ပဲပြောနေတတ်သူတစ်ယောက်ပေါ့ တစ်ရက် အာထစ် ကားမတော်တဆဖြစ်ပြီး သတိလစ်နေတာကို မီနာက ဝင်ကူလိုက်ရင်း အာထစ်ရဲ့မိသားစုတွေက မီနာ့ကိုချွေးမလေးအဖြစ် အထင်မှားသွားခဲ့တယ် မီနာကလည်း သူမ အရင်ကသဘောကျခဲ့သူက အာထစ်လို့မှတ်ယူပြီး ချွေးမလောင်းအဖြစ်ဟန်ဆောင်နေရာယူခဲ့ပါတော့တယ် အာထစ်တစ်ယောက် သတိပြန်ရလာချိန်မှာတော့ အတိတ်မေ့နေခဲ့ပြီး မီနာ့ရဲ့ပစ္စည်းလာပို့တဲ့မှတ်ဥာဏ်တွေကို သူ့ချစ်သူအဖြစ်အမှတ်တရတွေလို့ အထင်မှားနေခဲ့ပါတော့တယ် စိတ်ဆိုးပြီးလမ်းခွဲထားတဲ့ ချစ်သူအစစ် ခေထီကအာထစ်ကိုပြန်လာရှာချိန် မီနာထင်နေခဲ့တဲ့ သူမသဘောကျမိခဲ့သူက အာထစ်မဟုတ်ဘဲ သူ့ညီ ထန်ဖြစ်နေခဲ့ချိန်မှာတော့ အစ်ကိုဖြစ်သူရဲ့ချစ်သူအဖြစ်ဟန်ဆောင်နေပြီးချိန်မှ ညီဖြစ်သူကိုခံစားချက်အစစ်ရှိလာတဲ့ မီနာ အာထစ်ကို ပြန်ရယူချင်တဲ့ခေထီ အစ်ကို့ချစ်သူမှန်းသိပေမဲ့ သဘောကျနေမိတဲ့ ထန် မီနာ့ကိုပဲ ချစ်သူထင်နေခဲ့တဲ့ အာထစ် သူတို့လေးယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှူကြရအောင် ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: โคตรเหงา เรา2คน Episodes: 10 Aired: Jun 5, 2023 - ? Aired On: Monday, Tuesday Original Network: GMM 25, ViuTV Duration: 48 min. Translated by Kyi Nue Zin, Nang Mwe Kham Encoded by Naing Aung Latt
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။