
Based on a True Story (2023) ===================== IMDb Rating - 7.3/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် (2023)ခုနှစ်ထွက် Comedy, Thriller စီးရီးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ Westside Ripper ဆိုတဲ့ ကွင်းဆက်လူသတ် သမားကြီး ခေတ်ထနေဆဲအချိန်ဖြစ်ပါတယ်။ သေဆုံးသူ (၇)ယောက် ထိ ရှိလာတာတောင် ရဲတွေလည်း တရားခံဘယ်သူမှန်း မသိကြသေး ပါဘူး။ တင်းနစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ နေသန်နဲ့ သူ့ဇနီးအေ ဗာတို့ဟာ လောကဓံရိုက်ခတ်မှုကြောင့် ငွေကြေးအခက်ကြုံနေဆဲမှာပဲ ရေစက်လား ဝဋ်ကြွေးလားမသိ၊ အဲဒီကွင်းဆက်လူသတ်သမားကို ဘယ် သူဘယ်ဝါဆိုတာ သိသွားရုံမက လူကောင်လုံးလိုက်ကြီးပါ တွေ့လိုက် ကြရပါတယ်။ "အူမတောင့်မှသီလစောင့်နိုင်တယ်"ဆိုတဲ့စကားပုံအတိုင်း ငွေကြေးအခက်ကြုံနေတဲ့ လင်မယားစုံတွဲဟာ လူသတ်သမားကို ရဲလက် မအပ်ဘဲ လူသတ်သမားကို အကြောင်းပြုပြီး ငွေလမ်းကြောင်းဖန်တီးဖို့ စိတ်ကူးရသွားကြပါလေရော။ ဒီလိုနဲ့ လင်မယားနှစ်ယောက်နဲ့ ကွင်းဆက် လူသတ်သမားတစ်ယောက်တို့ရဲ့ အရှုပ်တော်ပုံကြီး စတင်လေသတည်း ပေါ့ဗျာ။ IMDb Rating 7.3/10 ရရှိထားပြီး Herly Quinn: Birds of Prey (2020)ထဲက Victor Zsasz အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Chris Messina က ဇာတ်လိုက် နေသန်အဖြစ် ပါဝင်ထားပါတယ်။ ဒါ့အပြင် Stranger Things ထဲက Nancy Wheeler ဇာတ်ကောင်နေရာက မင်းသမီး Natalia Dyerလည်း ပါဝင်ထားတဲ့စီးရီးလေးပါ။ (ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size.............(250 MB) / (650 MB) Quality...............WEB-DL 720p / 1080p Duration............35Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Thriller Translator..........Ngwe Zin, Thwal Htoo Zin, EL, June, C'mon Encoder..............SWM