
CM Fan တွေ အတွက် ယခု တဖန် တင်ဆက်ပေးမှာကတော့ ထိုင်းဇတ်လမ်းတွဲ တစ်ခု ဖြစ်တဲ့ Operation to Subdue the She Devil (2018) ဖြစ်ပါတယ် မြန်မာနာမည် ပေးထားတာကတော့ ” မောင့် ကို ပြုစားတဲ့ စုန်းမ” ပါတဲ့ မကြာသေးခင်က Facebook မှာ စုန်းမ ဆိုတဲ့ ထိုင်းတီဗီစီးရီး ထရေလာ မြန်မာစာတန်းထိုး တစ်ခု Share များနေကြပြီး ထို စီးရီးကို CM မှာ တင်ပေးဖို့ ဘာသာပြန်သူကို ပူဆာကြတဲ့ အတွက် Hein Thet Naing နှင့် Kyi Nue Zin နှင့် Nann Mwe Kham တို့ က ဘာသာပြန်တင်ဆက်ပေးထားပါတယ် ဇတ်လမ်းပုံစံလေးကတော့ ထိုင်းရုပ်ရှင် လုပ်ငန်းစု ရဲ့ ရှယ်ယာရှင် တစ်ဦး မှာ သမီးလေး တစ်ယောက် ရှိပြီး မိတဆိုးလေး မို့ သူဌေးကြီးမှာ သူ့သမီးကို အင်မတန် ချစ်ပါတယ်… ဒါပေမဲ့ သူဌေးကြီးနား ကပ်နေတဲ့ ရုပ်ရှင်မင်းသမီးဟောင်း ကြောင့် သားအဖ မကြာခဏ ကတောက်ကဆ တွေ ဖြစ်ကြပေမဲ့ အလုပ်ကိုတော့ အလုပ်နဲ့ တူအောင် ကုမ္ပဏီ မှာ စည်းစနစ်တကျ လုပ်ကြသူတွေ ဖြစ်တဲ့ အတွက် တစ်ခြား ဒါရိုက်တာတွေ နဲ့ အလုပ်ကို စည်းကမ်းမရှိတဲ့ ဝန်ထမ်းတွေကတော့ သဘောမကျကြပါဘူး… ဒီကြားထဲ သူဌေးကြီး ရဲ့ သမီး ဟာ မောက်မာတယ်လို့ နာမည်ကြီးပြီး စည်းကမ်းပျက်ရင် အလုပ်တန်းထွက်ခိုင်းတာကြောင့် နောက်ကွယ်မှာ စုန်းမ လို့ နာမည် ပေးထားကြပါတယ်.. စုန်းမလေး လန်ဖာဖက်ကတော့ စိတ်တိုင်းမကျတဲ့ခေါင်းစဉ်နဲ့ အတွင်းရေးမှူးမှန်သမျှတစ်ယောက်မကျန် ထုတ်ပစ်ရင်းထုတ်ပစ်နေတော့တယ် တစ်နေ့ ယုထကန် ( Tao ) လို့အမည်ရတဲ့သူငယ်ချောချောလေးက အကြံတခုနဲ့ လန်ဖာဖက် ရဲ့အတွင်းရေးမှူးဖြစ်ဖို့ ချဉ်းကပ်လာပါတယ် စုန်းမလေး ဟာ လှသလောက် အတော်လေးလဲ မိုက်ရိုင်းတက်ပါတယ်…. မထင်ရင် မထင်သလို ပါးဆွဲရိုက်တာတွေ ပစ်ကန် တာတွေက မြန်မာ အတော်ဆန်တယ် ပြောရမှာပဲ ဘာပဲ ဖြစ်ဖြစ် ကိုရီးယားကားတွေထက် ကြည့်လို့ အတော်ကောင်းပါတယ် ကဲပါ စပွိုင်း သိပ်မလုပ်တော့ဘူး ကျန်တဲ့ အကြောင်းရာတွေကိုတော့ Trailer ထဲမှာ ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ တစ်ပတ်ကို ၂ ပိုင်း နှုန်း တင်ဆက်ပေးသွားပါမယ် အားလုံးပေါင်း ၁၈ ပိုင်းထိ ရှိပါတယ်… ပျော်ရွှင်ကြပါစေ…
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 14, 2018
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
9.0 / 10
Director