
Minx Season 2 (2023) Tomatometer 86 % လူမျိုးကြီးဝါဒီတွေ၊ ကျားမခွဲခြားမှုတွေ ရှေးရိုးစွဲတွေ၊ ဖိုဝါဒီတွေ စသဖြင့် စုံစီနဖာ အင်မတန်များလှတဲ့ မူရိကန်ပြည်ကြီးရဲ့ ၇၀ ခုနှစ်တွေဆီမှာ Feminism ကို အပြာမဂ္ဂဇင်းကနေတစ်ဆင့် ပရိုမိုးရှင်းဆင်းပေးမဲ့ ထက်မြက်တဲ့မမလေး ဂျွိုက်စ် ပြန်လာပါပြီ။ inx ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်ညီစွာပဲ တော်တော်လေး ပွင့်လင်းမြင်သာတဲ့ 18+ comedy series ဖြစ်တာမို့ ထုံးစံအတိုင်း ၁၈ ယောက်စုပြီးမှ ကြည့်ဖို့တော့ အကြံပေးလိုပါတယ်။ ပထမတွဲမှာတုန်းက သပွတ်အူလိုက်နေတဲ့ အရှုပ်အရှင်းတွေ အားလုံးအပြီးမှာ Minx မဂ္ဂဇင်းကို ဒေါ့ဂ်က ဂျွိုက်စ်ဆီ လွှဲအပ်ခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ အခု ဒုတိယတွဲမှာကတော့ တစ်ကွဲတစ်ပြားဖြစ်နေတဲ့ ဒေါ့ဂ်နဲ့ ဂျွိုက်စ်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မဂ္ဂဇင်းကိုယ်စီ ထုတ်ဖို့လုပ်ရင်း မတတ်သာတဲ့အဆုံး Minx မဂ္ဂဇင်းကို နှစ်ယောက်အတူ ပြန်အသက်သွင်းမဲ့ဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပြန်ရောက်လာပုံနဲ့ အစပြုထားတာပါ။ Season 1 တုန်းက Imdb 7.6, Tomatometer 91% ရောက်တဲ့အထိ အားပေးမှုတွေ အတော်လေးရခဲ့သလို အခု season 2 မှာလည်း အဖွင့်ကောင်းနေဆဲပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
July 21, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.5 / 10
Director