
"A family like no other" Rain Dogs ဟာ HBO ရဲ့ 2023 ထွက် အသစ်စက်စက် British Series တစ်ခုပဲဖြစ်ပါတယ်။ သာမန် လူလတ်တန်းစားတွေ၊ လူကုံထံတွေအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတွေကနေ ကွဲထွက်ပြီး စားဖို့သောက်ဖို့၊ နေစရာရှိဖို့အတွက် ရုန်းကန်ကြရတဲ့ လက်လုပ်လက်စား လူတန်းစားတစ်ရပ်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Dark Comedy, Drama စီးရီးလေးတစ်ခုပါပဲ။ ဇာတ်လမ်းရဲ့အစမှာ Single Mother တစ်ဦးဖြစ်တဲ့ Costello Jones ဟာ ခက်ခဲတဲ့အနေအထားတစ်ရပ်နဲ့ရင်ဆိုင်နေရပြီး သူ့ရဲ့ ချစ်စရာသမီးချောလေး Iris ဟာလည်း မိခင်ဖြစ်သူကိုနားလည်ပြီး ဖြစ်သမျှကို စိတ်မညစ်စွာ အတူတူရင်ဆိုင်ရဲတဲ့ ကလေးလေးဖြစ်ပါတယ်။ သူတို့နဲ့မိသားစုလို ခင်မင်ရင်းနှီးသူ Gay တစ်ယောက်ဖြစ်တဲ့ Selby ဟာလည်း ပိုက်ဆံချမ်းသာတဲ့ လူကုံထံအသိုင်းအဝိုင်းကဆိုပေမယ့် လတ်လတ်လောလော ထောင်ကထွက်လာတဲ့အခါ မိခင်ဖြစ်သူနဲ့ အစေးမကပ်လှဘူးပေါ့။ ဒီလိုနဲ့ ဒီလူတန်းစားဘဝမှာ ကူကယ်သူမဲ့ဖြစ်တဲ့အချိန်မှာ ဒီအခက်အခဲတွေကို Costello တစ်ယောက်ဘယ်လိုဖြတ်ကျော်ရမလဲ၊ သူတို့တွေမှာ ဘယ်လိုမျိုးချစ်ခြင်းတရားတွေ ရှိနေမလဲဆိုတာကို Season 1 Episode 1 ကတည်းက စပြီး သနားစရာ၊ ချစ်စရာ ရှုစားရမှာပဲဖြစ်ပါတယ်။ "I wanted to write about families that are not connected by blood" ဆိုပြီး Rain Dogs ရဲ့ဇာတ်ညွှန်းရေးသူ Cash Carraway ကဆိုထားပါတယ်။ ချစ်ဖို့ကောင်းတဲ့ Iris လေး... မေမေ Costello နဲ့... Selby တို့ရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူ ဒီဇာတ်ကားဟာ ဇာတ်အိမ်တည်ထားတာ အတော်လေးအထာကျတာကြောင့် 2023 ရဲ့ ကြည့်ကို ကြည့်သင့်တဲ့ အသစ်စက်စက် R-rated British Series တစ်ခုပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Nyan Hlyan Chit ပဲဖြစ်ပါတယ်) Size ~ 600MB+ Total - 8 Episodes Quality – 1080p Duration ~ 35min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Drama Source : HMAX.Web-dl.1080p Translator – Nyan Hlyan Chit Encoder – Y