
IMDb Rating - 8.1/10 ဒီစီးရီးကတော့ နာမည်ကျော် အဒမ်စ်မိသားစုရဲ့ထဲက သမီးဖြစ်သူ Wednesday ကို အဓိက ဇာတ်ကောင်အဖြစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဒမ်စ်မိသားစုကို ရုပ်ရှင်တွေ၊ ကာတွန်းတွေ၊ ဇာတ်လမ်း တွဲတွေထဲမှာ မြင်ဖူးသူတွေရှိမှာပါ။ စွမ်းအားကိုယ်စီနဲ့၊ ပေါက်ကရ ဂွစာတွေ၊ လူ့ကန့်လန့်တွေပါပဲ။ ရယ်လည်းရရသလို ကြောက်ဖို့လည်း ကောင်းပါတယ်။ ဒီစီးရီးကို အဓိက ရိုက်ကူးသူကတော့ ဒါရိုက်တာ တင်ဘာတန်ပါပဲ။ သူ့ကိုမသိကြရင်တောင် သူရိုက်ခဲ့တဲ့ Corpse Bride,Edward Scissorhands, Frankenweenie, Sweeney Todd: The Demon Barber of Fleet Street တို့လို ထူးထူးခြားခြား ကျောချမ်းစရာဇာတ်လမ်းတွေကို သိကြမှာပါ။ ဒီစီးရီး ကလည်း သူ့လက်ရာဖြစ်နေတာရယ် ကမ္ဘာကျော် ဇာတ်ကောင်ဖြစ်နေတာရယ် ကြောင့် လူအတော်များများ စောင့်မျှော်နေကြပါပြီ။ ဇာတ်လမ်းအကျဉ်း Wednesday ဟာ လူသတ်မှုနဲ့ ကျောင်းကနေ အထုတ်ခံရပြီး သင်းကွဲတွေ လူထူးဆန်းတွေချည်းပဲ တက်တဲ့ နဲဗားမောဆိုတဲ့ကျောင်းကို ရောက်သွားခဲ့ပါ တယ်။ အဲဒီကျောင်းအုပ်ဟာ သူ့ရဲ့အမေနဲ့ ကျောင်းနေဖက်ဖြစ်ခဲ့ပြီး၊ သူ့အမေနဲ့ အဖေကလည်း ဒီကျောင်းမှာပဲ တွေ့ပြီး ချစ်မိခဲ့ကြတာပါ။ အဲဒီကျောင်းမှာ သွေးစုတ်ကောင်တွေ၊ ဝံပုလွေတွေ လို သဘာဝလွန်မျိုးနွယ်တွေ လာစုနေကြတာ ဖြစ်ပါတယ်။ အဲဒီကျောင်းပတ်လည်မှာတော့ ထူးထူးဆန်းဆန်း လူတွေတစစီ လုပ်ပြီး အသတ်ခံရတဲ့အမှုတွေ ဖြစ်နေပါတယ်။ Wednesday တစ်ယောက် ကျောင်းကိုရောက်အပြီးမှာတော့ သဘာဝလွန်ပဟေဠိတွေ ကြောက်စရာဖြစ်ရပ် တွေနဲ့ တွေ့ကြုံပြီး ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Mr.Andersonမှ ရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူများကတော့ CM Teamမှ ဖြစ်ပါတယ်။) File Size.............(450 MB) / (1.15 GB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Crime, Family Translator..........Mr.Anderson, Alias, San Thu Aung, Min Khant Bo Encoder..............SWM
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 23, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.6 / 10
Director