
ဒီတစ်ခါ အသစ်ထွက်ရှိလာတဲ့ ကားလေးကတော့ အမည်မသိကူးစက်ရောဂါပျံ့နှံ့လာမှုကိုအခြေခံပြီး အစပျိုးထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ မြို့တော်မှာ ဆောက်လုပ်ပြီးစီးတော့မယ့် အထပ်မြင့်အဆောက်အဦးအသစ်တစ်ခုမှာ လူတန်းစားအမျိုးမျိုး နောက်ခံအမျိုးမျိုးနဲ့ လူပေါင်းစုံနေထိုင်နေကြပေမဲ့ ကူးစက်ရောဂါပျံ့ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှ အထိတ်တလန့်နဲ့ သွေးရူးသွေးတန်းတွေဖြစ်လာကြရင်း လူတန်းစားပေါင်းစုံကြားထဲက ပဋိပက္ခတွေနဲ့အတူ ကူးစက်ရောဂါရဲ့ ခြောက်လှန့်မှုတွေကလည်း ပိုလို့တောင်ကြီးထွားလာခဲ့ပါတယ်။ ရှုပ်ထွေးပွေလီလွန်းတဲ့ လောကကြီးထဲ အေးအေးချမ်းချမ်းနေချင်တဲ့ အထူးရဲတပ်ဖွဲ့ဝင်Yoon Sae-Bom (Han Hyo-Joo) နဲ့ ဘေ့စ်ဘောကစားသမားဘဝကိုလက်လျော့လိုက်ရပြီး အကြမ်းဖက်မှုစုံစမ်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တဲ့ Jung Yi-Hyun (Park Hyung-Sik)တို့ သူငယ်ချင်းနှစ်ယောက်က လှည့်ကွက်ပေါင်းစုံကြားထဲ အဖြေရှာကြရင်း၊ရောဂါကူးစက်မှုနဲ့ပက်သက်တဲ့ ဝှက်ဖဲကို စုံစမ်းဖော်ထုတ်ကြမှာပါ။ နောက်ဇာတ်ကောင်ဖြစ်တဲ့ Han Tae-Seok (Jo Woo-Jin)ကတော့ စစ်တပ်က ထွက်လာပြီးနောက်ပိုင်း ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အကြီးအကဲအဖြစ်လုပ်ကိုင်နေသူပါ။ ကူးစက်မှုရဲ့ သော့ချက်ကို လက်ကိုင်ထားသူအဖြစ်လည်း ယူဆရပြီး ဘယ်လိုနေရာကပါဝင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပါဝင်အားဖြည့်ပေးထားတဲ့ သရုပ်ဆောင်တွေကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင်တွေပါပဲ။ အတော်ကြာမှ Han Hyo Jooနဲ့ Park Hyung Sikတို့ကို ပြန်လည်မြင်တွေ့ရမယ့် အခွင့်အရေးလည်းဖြစ်တာကြောင့် ဘယ်လိုအပေးအယူမျှမျှ အားဖြည့်ထားမလဲဆိုတာကို စောင့်ကြည့်သင့်တဲ့ ကားလေးပါ။ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲတွေ မှုခင်းဇာတ်လမ်းတွဲတွေ မျှော်နေကြတဲ့လူတွေအတွက်တော့ Happiness ကတကယ် ရိုက်ချက်ပြင်းမလားဆိုတာကတော့.... အပတ်စဉ် စနေနဲ့တနင်္ဂနွေနေ့တိုင်း စောင့်မျှော် ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Milkeux မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Htet, Deer, Milkeux, Minnie ပဲဖြစ်ပါတယ်။) Quality – 720p Duration – 60 mins (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 720p Translator – Htet, Deer, Milkeux, Minnie Encoder – SWM
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 5, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.0 / 10
Director
An Gil-ho