
cryonics ဆိုတဲ့ သိပ္ပံ နည်းလမ်း ကတော့ ခန္ဓာကိုယ်ကို အအေးလွန်အောင် လုပ်ပြီး အေးခဲ ထိန်းသိမ်းထားတာပါ ဒါကို ( Cryonic Suspension ) လို့ခေါ်ပါ တယ် incurable လူနာတွေကို အအေးလွန် ထိန်းသိမ်းထားပြီးနောက် ပြန်လည်နိုးထလာတဲ့အချိန်မှာ ပိုမိုကောင်းမွန်အောင် ကုသနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါကို လုပ်ဆောင်နေကြတာပါ ဒီဇာတ်လမ်းလေးမှာတော့ အများနဲ့ မတူတာတွေ အမြဲလုပ်တတ်တဲ့ သူများမလုပ်တာတွေကိုမှလုပ်တတ်တဲ့ ရုပ်သံလွှင့်ရုံရဲ့ PD မာဒုံချန်းက ပရိုဂရမ်အသစ်ရိုက်ကူးရေးအတွက် cryonic experiment လုပ်နေတဲ့ ပရော်ဖက်ဆာဟွမ်ရဲ့ စမ်းသပ်မှုမှာ သူကိုယ်တိုင်ပါ၀င်စမ်းသပ်ခံပြီး ၂၄ နာရီကြာ ရိုက်ကူးရေးပြုလုပ်မှာပါဖြစ်ပါတယ် သူနဲ့အတူပါ၀င် စမ်းသပ်ခံဖို့အတွက် သူ့ရဲ့ ခက်ခဲတဲ့ show တိုင်းမှာ ပါ၀င်ရိုက်ကူးခံခဲ့တဲ့ ဂိုမီရမ်ကိုလည်း သူက စည်းရုံးခဲ့ပါတယ် ဂိုမီရမ်က လည်း ပါ၀င်စမ်းသပ်ဖို့လက်ခံခဲ့ပြီး ၂၄ နာရီမပြည့်မှာ စမ်းသပ်မှု ပြသနာတက်ခဲ့ပါတယ် ပရော်ဖက်ဆာနဲ့အတူတူ သူတို့ ၂ ယောက်လည်း နှစ်၂၀ကြာ ပျောက်ဆုံးသွားခဲ့ပြီးမှ မအိုမင်းပဲ ၂၀၁၉ ခုနှစ်မှာ ပြန်လည်နိုးထလာကြပါတယ် အနှစ် ၂၀ ကြာမှ နိုးလာတဲ့ သူတို့ ၂ ယောက် ဘယ်လို အလွဲလေးတွေလုက်မလဲဆိုတာတွေကိုလည်း ဟာသအနေနဲ့ ကြည့်ရှုရမှာပါ ပြီးတော့ စမ်းသပ်မှုမှာ ဖြစ်ခဲ့တဲ့ ပြသနာကို သူတ်ု့ိ ဘယ်လိုစုံစမ်းကြမလဲ ဘာလို့ နှစ်၂၀ကြာ ပျောက်ဆုံးသွားခဲ့လဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်နော် ဒီဇာတ်ကားလေးက အပတ်စဥ် စနေ တနင်္ဂနွေနေ့တိုင်း ထွက်ရှိတာဖြစ်ပြီး အပိုင်း ၁၆ ပိုင်းပါ၀င်မှာဖြစ်ပါတယ် Translated By : Hay Thar OO ~ ThinZar Htet ~ Hnin Pale Enocded By : XCode
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
September 28, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.4 / 10
Director
Shin Woo-chul