
Twenty Five Twenty One (2022) ဒီဇာတ်လမ်းကတော့ ၁၉၉၈ ခုနှစ်မှာ ကိုရီးယားလူငယ်တွေရဲ့အိပ်မက်တွေ ပျက်စီးခဲ့ရပြီး လမ်းသစ်ဖောက်ရှာဖွေခဲ့ရတဲ့အချိန်ကို တည်ပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် နဲ့ ၁၈ နှစ် မှာ စတွေ့ခဲ့ကြတဲ့ လူနှစ်ယောက်က နောက်ထပ် ၃ နှစ်အကြာ ၂၅ နှစ် နဲ့ ၂၁ နှစ်မှာ ပြန်တွေ့ပြီး အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်ခဲ့ကြတာပါ။ နာဟီးဒို ကတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ် ဆိုက်ချိန်မှာတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ကို ဖျက်သိမ်းခဲ့ရပါတော့တယ်။ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီးချိန်မှာတော့ သူက နိုင်ငံတော်အဆင့် ဓားသိုင်းအားကစားအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ်ကြောင့် ဘဲ့အီဂျင်အဖေက စီးပွားပျက်ပြီး ဒေဝါလီခံခဲ့ရပါတယ်။ အဲဒါကြောင့် ဘဲ့အီဂျင်အတွက် ဘဝစိန်ခေါ်မှုတွေ ကြုံခဲ့ရပြီး သူဌေးသားဘဝကနေ တမုဟုတ်ချင်း ကုန်းကောက်စရာ မရှိတဲ့ ဆင်းရဲသား ဖြစ်ခဲ့ရပါတယ်။ သတင်းစာပို့တဲ့ အချိန်ပိုင်းအလုပ်လိုမျိုး လုပ်ရင်းနဲ့ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့အားကစားသတင်းထောက် ဖြစ်လာပါတော့တယ်။ ခက်ခဲတဲ့ဘဝတွေကြားက ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မို့ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာကတော့ အသေအချာပါပဲ။ ဘာသာပြန်တွေကတော့ JimX, Thuu Thuu, Amelia, Milkeux တို့ပဲ ဖြစ်ပါတယ် Genre.....Drama, Sports Quality….WEB-DL 1080p and 720p File size…1GB and 600MB Format…mp4 Duration….1h 10min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Thuu Thuu, Amelia, Milkeux Encoder ..... August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
February 12, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.6 / 10
Director