
Heartstopper Season 2 (2023) Alice Oseman ရဲ့ ရုပ်ပြဝတ္ထုကနေ စီးရီးအဖြစ်ရိုက်ကူးခဲ့တဲ့ Heartstopper စီးရီး..... season1 မှာပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှု ရခဲ့သလိုအခု Season2 လဲထွက်လာပါပြီ။ S2 အစမှာ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ နစ်ခ်နဲ့ချာလီတို့ ချစ်မဝဖြစ်နေကြလေရဲ့။ Good Morning Good Night မက်ဆေ့ချ်တွေမှန်မှန်ပို့ကြ လူအလစ်မှာခိုးခိုးတွေ့ကြ နှစ်လအန်နီတွေဘာတွေဆင်နွဲကြ ပျော်မဆုံးပေါ့။ ဒါပေမဲ့သူတို့က ဆယ်ကျော်သက်လေးတွေပဲလေ။ ချစ်ကြညားကြတော့ဘယ်ဟုတ်မလဲ Happily Ever After လဲလုပ်လို့မရဘူး။ သူတို့ချစ်ခြင်းကအခုမှအစရှိသေးတယ် အနိမ့်အမြင့်အတက်အကျ ပြသနာတွေကိုသူတို့ရင်ဆိုင်ရဦးမှာတော့ အသေအချာပဲပေါ့။ ဒီ Season မှာ နစ်ခ်တစ်ယောက် Come out လုပ်မှာကလဲစိတ်ဝင်စားစရာပဲ။ နစ်ခ်လို အားကစားသမားတစ်ယောက် ယောကျ်ားဆန်ဆန်ကောင်လေးက ဂေးလို့ဘယ်သူမှထင်မထားဘူးလေ။ ချာလီကတော့ သူ့အလှည့်တုန်းက သူများတွေဆီကအနိုင်ကျင့်ခံခဲ့ရသလို သူ့ကောင်လေးတော့မခံရစေရဘူး သူတတ်နိုင်သမျှတားမယ် နစ်ခ်ကို support လုပ်မယ်လို့ ဆုံးဖြတ်ထားလေရဲ့။ တကယ်ချစ်စရာကောင်းတဲ့ချာလီပါပဲ။ Heartstopper က ချာလီနဲ့နစ်ခ်တို့ ဇာတ်လမ်းဖြစ်ပေမယ့် အချစ်အကြောင်းပဲသီးသန့်မဟုတ်ပါဘူး။ သူငယ်ချင်းတွေကြားကခင်မင်မှု၊ LGBTQ+ လူငယ်လေးတွေရဲ့ ရုန်းကန်ရမှု၊ သူတို့ကိုယ်သူတို့ လက်ခံနားလည်မှု၊ သူတို့ကိုမိသားစုသူငယ်ချင်းတွေရဲ့လက်ခံမှုလက်မခံမှု၊ ဘေးကလူတွေရဲ့အထင်အမြင်ဖိအားတွေအတွက် သတ္တိရှိမှု စတာတွေကို ရောင်စုံသက်တန့်လိုပဲချိတ်ဆက်တင်ဆက်ထားသေးတာကြောင့် ကြည်နူးစရာကောင်းတဲ့လူငယ်ဇာတ်လမ်းလေးအပြင် LGBTQ+ တွေအပေါ် နားလည်ပေးနိုင်စွမ်းတွေကိုပါ ဖန်တီးပေးမယ့်စီးရီးကောင်းလေးပါပဲ။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Mary Christ, Hnin Oo Wai, Phyu Phyu Thant တို့ပဲ ဖြစ်ပါတယ်။ Genre.....Drama, Family, LGBTQ+ Quality….WEB-DL 1080p | 720p File size…500MB | 200MB Format…mp4 Duration….30min Subtitle….Myanmar Subtitle (Hardsub) Translator .....Rashida, Mary Christ, Hnin Oo Wai, Phyu Phyu Than Encoder ..... Aaron