
The Promise (2023) ===================== ဒီတစ်ခေါက်အလှည့်ကျတဲ့ BL series ချိုချိုလေးကတော့ “သူငယ်ချင်းလေးပါပဲ ..” ကနေ အဆင့်တွေတက်ကုန်ကြမယ့် “The Promise” ပဲဖြစ်ပါတယ်xP Phupha နဲ့ Nanfah တို့က ငယ်ငယ်လေးတည်းက အမြဲတတွဲတွဲရှိခဲ့ကြတဲ့ ကစားဖော်ကစားဖက် အိမ်နီးချင်းသူငယ်ချင်းတွေပါ။ အိမ်ချင်းနီးချက်ကတော့ နှစ်အိမ်က မျက်နှာချင်းဆိုင်ပါပဲ။ လမ်းရဲ့ဒီဘက်မှာ Phupha အဖေက အိမ်ဆိုင်ကော်ဖီဆိုင်လေးဖွင့်ထားတယ်။ လမ်းရဲ့ဟိုဘက်မှာ Nanfah အဖေက အိမ်ဆိုင်ဆေးဆိုင်လေးဖွင့်ထားတယ်။ ဆိုတော့ နှစ်ယောက်ကအမြဲတတွဲတွဲနဲ့ ကောလိပ်ပြီးတဲ့အထိ အချင်းချင်းရဲ့ အကောင်းဆုံး အဆိုးဆုံးအချိန်တွေမှာပါ အတူတူရှိခဲ့ကြသူတွေပေါ့။ ဒီလိုနဲ့ကောလိပ်မှာဘွဲ့ယူတဲ့ ရီဟာဇယ်နေ့မှာ Nanfah ရဲ့ကမ္ဘာထဲကနေ Phupha တစ်ယောက် ရုတ်တရက်ကြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။ ၁၀ စုနှစ်တစ်ခုစာကြာတဲ့အထိ Phupha ကိုသတိရတဲ့စိတ်နဲ့ ဘဝကိုအထီးကျန်ကျန်ဖြတ်သန်းနေခဲ့ရတဲ့ Nanfah တစ်ယောက် move on ပြီး ဘဝသစ်တစ်ခုကိုစနိုင်သွားမှာလား .. ဒါမှမဟုတ် Phupha နဲ့ပြန်တွေ့နိုင်ဦးမှာလား .. Phupha ကရော ဘာကြောင့်ထွက်သွားခဲ့ရတာလဲ ..စတာတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ကြောင်းပါနော်။ အညွှန်းကို Lai Laii က ရေးးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Hmwe, Shin , Cali တို့ပဲ ဖြစ်ကြပါတယ်။ Genre..... BL, Drama Quality…. 1080p | 720p File size… 800MB | 350MB Format… mp4 Duration…. 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Laii, Hmwe, Shin, Cali Encoder ..... August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။