
ဒီစီးရီးကတော့ အတော့်ကို ကောင်းပါတယ် လတ်တလော နှစ်ပိုင်းထွက်ထားတာကို tmdb rating 10/10 ရထားပြီး။ ရိုက်ထားတာကလည်း ရုပ်ရှင်အဆင့်လောက်ရှိတယ်။ မင်းသားတွေကလည်း ဆရာတွေချည်းပဲ။ ကြည့်ကြည့်လိုက်ပါ။ တစ်ပတ်တစ်ပိုင်း ဆက်ထွက်မှာပါ။ ကင်းစ်တောင်းမြို့ ( Kingstown )ဆိုတာ ၇ မိုင် ပတ်လည်တိုင်းမှာ ထောင် ၁ ခုရှိပြီး ထောင်သူ/သားတွေ နေထိုင်ရာ မြို့ဖြစ်ပါတယ် . ဒီမြို့မှာ မက်လက်စကီ မိသားစုက အာဏာကိုချုပ်ကိုင်ထားတဲ့ သူတွေဖြစ်ပြီး မြို့တော်ဝန် မိသားစုလို့ လူတွေက ခေါ်ကြတယ် မစ်ချ်၊ ဂျိမ်းစ်၊ ကိုင်းလ်တို့ ညီအစ်ကိုသုံးယောက်ဟာ ထောင်သားတွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ်ပေးတဲ့သူတွေဖြစ်ပြီး ဒါနဲ့ပဲ မိသားစုတစ်သက် အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေပါ။ မြို့ရဲ့ ရဲတွေ တရားစီရင်ရေးတွေ ထောင်အစောင့်တွေ အာဏာပိုင်တွေကို အိပ်ကပ်ထဲထည့်ထားပြီး ဉပဒေကို လိုသလိုအသုံးချတဲ့ မြို့တော်ဝန်ညီအစ်ကိုဖြစ်ပါတယ်. တစ်နေ့ ထောင်ထဲက မစ်ချ်ရဲ့ မိတ်ဆွေဟောင်း မိုင်လို အကူညီတောင်းတာကို လုပ်ပေးရင်းနဲ့ မြို့တော်ဝန်မစ်ချ် အသတ်ခံလိုက်ရာကနေ ဇာတ်လမ်းစပါတော့တယ် ရဲ၊ထောင်၊ရာဇဝတ်သားတွေနဲ့ ဉပဒေကိုအသုံးချသူတွေကြားကဖြစ်တဲ့ အရှုပ်အရှင်းတွေကို ကြည့်ရမဲ့ Crime ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပြီး Main lead အနေနဲ့ Hawkeye မင်းသား Jeremy Renner က ပါဝင်ထားပါတယ် ဇာတ်လမ်းတွဲမှာ ၁၀ ပိုင်းပါရှိမှာဖြစ်ပါတယ် လက်ရှိမှာ ၂ ပိုင်းထွက်ထားပြီး တစ်ပတ် ၁ ပိုင်း တင်ဆက်သွားမှာဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းကို Thiha Yan Naing ရေးသားပြီ ဘာသာပြန်သူများကတော့ Thiha Yan Naing & PyiTi Nyein တို့ဖြစ်ပါတယ်) Translated by Thiha Yan Naing & Pyitinyein Encoded by Mr. Anderson Size - 400 Mb Quality - 720p Webrip Genre - Crime, Drama