
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆိုတာနဲ့ ရိုမန့်စ်တွေပြည့်နှက်နေတဲ့ အချစ်မြို့တော်ကြီးလို့ပဲ တော်တော်များများက ပြေးမြင်မိကြမှာပါ ဒါပေမယ့် ဒီဇာတ်လမ်းမှာတော့ ပဲရစ်မြို့က ဇာတ်လိုက်ကျော်ခိုးသားကြီး အာဆန်းဂျုပ်ရဲ့ ပြောင်မြောက်တဲ့ခိုးကွက်တွေကို ကြည့်ရှုကြရမှာပါ ခိုးသားဆိုလို့ သာမန်သူခိုးတော့မဟုတ်ပါဘူး ပဲရစ်မြို့ရဲ့ အထင်ကရပြတိုက်ကြီး လူဗာပြတိုက်က သမိုင်းဝင်ယူရိုသန်းချီလည်ဆွဲကြီးကိုမှ ပါးပါးနပ်နပ်ခိုးယူမယ့် သူခိုးကြီးပါ သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီးကတော့ ခိုးသားလူကြီးလူကောင်းဆိုတဲ့ စာအုပ်ထဲက "အာဆင်နီလူပင်" ပါပဲ အာဆင်နီလူပင်ရဲ့ အကွက်တွေကိုအသုံးချပြီး ဟိတ်ဟန်အပြည့်နဲ့ ရုပ်ပြောင်းရုပ်လွှဲအမျိုးမျိုးနဲ့ ပါးပါးနပ်နပ်ကစားသွားပုံတွေကတော့ သြချလောက်စရာပါ ဒါပေမယ့်သူ့ရည်ရွယ်ချက်က ငွေလိုချင်ရုံသက်သက်မဟုတ်ပါဘူး ဒီသမိုင်းဝင်လည်ဆွဲကြီးကိုမှ ဘာလို့ခိုးယူရလဲဆိုတာတွေကိုတော့ ၁၉၉၅ ခုနှစ် အာဆန်းရဲ့ငယ်စဥ်ကလေးဘဝပုံရိပ်တွေနဲ့အတူ ပြသွားတာဖြစ်ပြီး အပိုင်း၅ပိုင်းပဲ ပါတာဖြစ်တဲ့အတွက် ငြီးငွေ့မသွားစေဘဲ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ ကြည့်ရှုခံစားလိုက်ကြပါဦး Translators - Yoon Sandi Aung, MTA