
ဒီစီးရီးကြည့်ချင်လို့တောင်းတဲ့သူအရမ်းများနေလို့ ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ တစ်လတစ်စီစန်လောက်တော့ ရအောင်တင်ပေးပါ့မယ်။။ စောင့်မျှော်အားပေးကြပါဦး။ Archie Comics ထဲက ကာရိုက်တာတွေကို အခြေခံရိုက်ကူးထားတဲ့ စီးရီရှည်ကြီးတစ်ခုနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် ... တချို့ကလည်း ဒီစီးရီးအကြောင်းကို သိထားပြီးသားဖြစ်ကြမှာပါ ... ခြုံငုံပြောရရင်တော့ ရေဗာဒေးလ်ဆိုတဲ့ မြို့တစ်မြို့နဲ့ အဲဒီမြို့က.လူငယ်တစ်သိုက်နဲ့ဇာတ်လမ်းပါပဲ ရေဗာဒေးလ်ဟာ အရင်ကတော့ သာယာနာပျော်ဖွယ် မြို့လေးတစ်ခုဖြစ်ခဲ့တယ် .. အချင်းချင်းရိုင်းပင်းကူညီကြပြီး နေချင့်စဖွယ်မြို့လေးတစ်မြို့ပါ ... ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့တစ်နေ့သော ဇူလိုင် ၄ ရက်နေ့က ပဟေဠိဆန်ဆန် လူသေဆုံးမှုတစ်ခုနဲ့အတူ ရေဗာဒေးလ်ဟာ စပြီးညစ်ညမ်းလာခဲ့တယ် .. ဒီဆန်းကြယ်ဖြစ်ရပ်တွေကြားမှာ ကံပါလာတဲ့ လူငယ်တစ်သိုက်ကတော့ ... အာချီအန်ဒရူး .. ရေဗာဒေးလ် နယ်ခံကျောင်းသားတစ်ယောက်ဖြစ်ပြီး .. လူသေမှုနဲ့ပတ်သတ်ပြီး လျှိုဝှက်ချက် ရှိနေသူ ဘတ်တီကူပါ .. အာချီအန်ဒရူးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး လူလိမ္မာသလောက် လူဆိုးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ချင်သူ ဂျဂ်ဟက်ဂျုန်းစ် .. ဒဿနာတွေကြားမှာ မွေ့လျော်ပြီး မြို့ရဲ့အခြေအနေကို အမြဲစောင့်ကြည့်နေသူ အပယ်ခံကျောင်းသား ဗရော်နီကာ လော့ဂျ် .. မြို့ကနေ မိသားစု အခြေအနေကြောင့် ရေဗာဒေးလ်ကို ရောက်လာတဲ့ ဇ,နဲ့ လူဆိုးမလေး တစ်ယောက်.. ရှဲရ်ဘလွန်းဆွန်း .. ရေဗာဒေးလ်မြို့ရဲ့ အချမ်းသာဆုံးမိသားစုက သမီးဖြစ်သူပီပီ မောက်မာပြီး ဘယ်သူ့မှ လူမထင်သူ .. ဒီလူငယ်တွေဟာ ထူးဆန်းတဲ့ လူသေမှုကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းအဖော်ထုတ်ဖို့ ကြိုးစားရင်း .. ပြဿနာတွေ ပဋိပက္ခတွေ တစ်စပြီးတစ်စ တိုးပွားလာတဲ့အခါမှာ .. Riverdale ဆိုတဲ့ crime drama ကြီး ဖြစ်ပေါ်လာပါတော့တယ် ... File size…(1.7 GB) / (427 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:41:00 Genre...Drama, Crime, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Molemy