
The Smile Has Left Your Eyes (2018) [Complete] အပိုင်းသစ် - ၁ မှ ၁၆ (ဇာတ်သိမ်းပိုင်း) ဒီတစ်ခါတော့ " ကောင်းကင်ပေါ်က ကြွေဆင်းလာတဲ့ ကြယ်စင်ပေါင်းသန်းတစ်ရာ" ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ "The Smile Has Left Your Eyes" ဆိုတဲ့ Mystery Thriller အမျိုးအစားဇာတ်လမ်းလေး ဖြစ်ပါတယ်။ Bad Boy ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား Seok In Guk, အမြဲတမ်း ကြည်လင်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီး Jung So Min နဲ့ မင်းသားကြီး Park Sung Woong တို ပါဝင်ရိုက်ကူးထားပါတယ်။ စုံထောက်တစ်ယောက်ဖြစ်တဲ့ ယူဂျင်ဂုဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက် အသတ်ခံရတဲ့ အမှုကို စုံစမ်းရင်းနဲ့ အတိတ်မေ့နေတဲ့ ထူးဆန်းတဲ့ အကျင့်စရိုက်ပိုင်ရိုင် ဂင်မူယုံနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အေးတိအေးစက်နဲ့ လျိုဝှက်ချက်တွေ ပြည့်နေတဲ့ ဂင်မူယုံက ယူဂျင်ဂုရဲ့ ညီမလေး ယူဂျင်ဂန်နားကို ချဉ်းကပ်လာတဲ့ အခါမှာတော့ ယူဂျင်ဂုဟာ ဂင်မူယုံဆီကနေ ညီမဖြစ်သူကို ကာကွယ်ဖို့ အပြင်းအထန် ကြိုးစားပါတော့တယ်။ ဂင်မူယုံနဲ့ ယူဂျင်ဂန်မှာလည်း တူညီတဲ့ အပူလောင်ဒဏ်ရာအမာရွက်တွေ ရှိနေခဲ့တဲ့အပြင် သူတိုကိုယ်တိုင်တောင် မသိလိုက်ဘဲ သံယောဇဉ် ငြိတွယ်လာတဲ့အခါ သူတိုအချစ်ရေးက ချောမွေ့နိုင်ပါ့မလား? ဖုံးကွယ်ထားခဲ့တဲ့ သူတိုသုံးယောက်နဲ့ ပတ်သက်တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေ ပေါ်ပေါက်လာပြီး ဘယ်လို အဆုံးသတ်သွားမလဲ? ဆိုတာကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Win က ရေးပေးထားပါတယ်။) Aired: October 03, 2018 -- November 22, 2018 Aired On: Wednesday & Thursday Genres: Drama, Mystery, Thriller Duration: 1hr Episodes: 16 Original Network: tVN, Viki File Size: 1080p(~1GB) , 720p(~400MB) Translated by Win, Hnin Pale, Phyu Phyu Thin & Stary Encoded by Kinnov
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။