
ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ရွှေဖြစ်ကာ လုပ်ဖော်ကိုင်ဖက်တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်နေ့မှာ သူ့ရဲ့ဆရာဝန်သက်တမ်းတလျောက် ဖြစ်တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်ဆော့ဂယောင်း (အင်ဆူဟျန်း)ရဲ့ မောင်လေး ဖြစ်နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ဆမသိမ်းခံရကာ ဆေးလောက ကို ခြေချခွင့်မရှိတော့သူ ဖြစ်သွားပါတယ်။ လူကနေပေမယ့် ပညာကမနေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာပေမယ့် ဆေးသေတ္တာတစ်လုံးကို အချိန်ပြည့်ဆောင် ထားပါသေးတယ်။ ဒီလိုနဲ့ပဲ တစ်နေ့မှာ နာမည်ကျော် ဘန်းဆော့ တက္ကသိုလ်ဆေးရုံကြီးက ဆရာဝန်တစ်ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အနေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ရှေ့နေဖြစ်နေပေမယ့် သူ့စိတ်ထဲမှာတော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုးရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ဖော်ထုတ်ဖို့အတွက် ရှေ့နေတဖြစ်လဲ ဆရာဝန်ကြီးအနေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူးပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ပေါ့ဆမှုတွေကို ဥပဒေရှုထောင့် မှတဆင့် ဘယ်လိုဖော်ထုတ် အပြစ်ပေးမလဲဆိုတာကို ဇာတ်လမ်း ဇာတ်ကွက်ကောင်းကောင်းနဲ့ သည်းသည်းမည်းမည်းကြည့်ရမှာပါ ဒါရိုက်တာကတော့ ဟဲချီနဲ့ အီဂျီမဲတို့ရဲ့ ပဲ့ကိုင်ရှင်ကြီးလီယုံဆော့ပဲ ဖြစ်ပါတယ်။ File Size – 443MB@Episode Quality –720p Duration – 60minute (@Episode) Total Episodes: 16 Subtitle – Myanmar Hardsub Format – Mp4 Genre : Crime ~ Drama Translator – Jerrica ~ JimX ~ MTA ~ Lai Lai ~ Poe Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။