
IMDb Rating - 8.8/10 အရင်နှစ်တွေက Super Heroဖန်တွေကြား အောင်မြင်ခဲ့တဲ့ The Boysကိုထုတ်ခဲ့တဲ့ Amazon Primeက အသစ်ထုတ်ထားတဲ့ Super Hero Animation Series အသစ်ပါပဲ။ Animationပေမဲ့လည်း လက်ရှိအနေအထားအရတော့ IMDbရော Rotten Tomatoesမှာပါ The Boysထက် Ratingသာနေသေးတယ်။ Voice Actorတွေအနေနဲ့လည်း Minariနဲ့ Oscar nomi ၀င်နေတဲ့ Steven Yeunနဲ့အတူ Zazie beetz Jk Simmonsတို့လို နာမည်ကြီးတွေကို သုံးထားပေးတယ်။ Amazon primeဟာ ပရိတ်သတ်ကို အတော်စေတနာကောင်းတယ် ဆိုလို့ရတယ်။ ပြောရရင် ဒီ Animationဟာ Quality Productတစ်ခုပါပဲ။ ဇာတ်အိမ်ကတော့ Comic အတိုင်းပဲလို့တော့ ဆိုကြတယ်။ ဘယ်သူမှဖတ်ဖူးမှာမဟုတ်တော့ ဒါကပြဿနာတော့မဟုတ်ဘူး။ ဒီကောင်က တွေ့နေမြင်နေကြ စူပါဟီးရိုးရုပ်ရှင်တွေနဲ့တော့ အတော်လေးကွဲပြားတယ်လို့ ဆိုလို့ရတယ်။ စူပါပါဝါတွေက The Boysထဲက အများစုရဲ့ ပါဝါတွေနဲ့အတူတူပဲဖြစ်သလို ဟုမ်းလန်ဒါလို စွမ်းအားနဲ့ ကာရိုက်တာ ဆင်တဲ့တစ်ကောင်လည်း ပါတယ်။ Animationပေမဲ့ သတ်တာဖြတ်တာတွေက အတန်အသင့်ကြမ်းတမ်းတယ်။ခေါင်းကိုညှစ်ခွဲပြီး မျက်လုံးတွေပြုတ်ကျလာတာမျိုး၊ လက်ဝါးစောင်းနဲ့ ခေါင်းဖြတ်ထုတ်ပစ်တာမျိုးတွေပေါ့။ Pilotမှာတင် အတော်လေး သတ်တာဖြတ်တာတွေပြထားတယ်။ အကြိုက်ဆုံးတစ်ချက်ကတော့ ဇာတ်လမ်းအစမှာတင် မြှုပ်ကွက်အကြီးကြီးကို မြင်သာထင်သာထည့်သွားပြီး ကြည့်တဲ့လူရဲ့ သိချင်စိတ်ကို ဆွသွားတာကိုပါပဲ။ Fanတွေ လက်ရှိမှာ အမျိုးမျိုးတွေးနေကြပေမဲ့ သူတို့ကိုယ်တိုင်လည်း သူတို့မထင်တဲ့ အဖြေတစ်ခု ဖြစ်လာမယ် မျှော်လင့်နေကြတယ်။ စူပါဟီးရိုးကား အနေနဲ့မဟုတ်ရင်တောင် အတော်လေးတော့ စိတ်ကျေနပ်စရာကောင်းတဲ့ကားပါပဲ။ Invincibleဟာ လက်ရှိမှာ 2021ရဲ့ အကောင်းဆုံး စူပါဟီးရိုးဇာတ်လမ်းတွဲအဖြစ်သမုတ်ခံနေရသလို ကြည့်ရှုသူနှုန်းအများဆုံးကားအဖြစ် ရပ်တည်နေတယ်။ ဒီ စီးရီးဟာ အပတ်စဥ်သောကြာနေ့တိုင်း တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ ၈ ပိုင်းတိတိထွက်ရှိလာမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality – 1080p WebRip Duration – 47 mins (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Animation Source : 1080p.WebRip Translator – WiRa Aung Encoder – SWM
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 25, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.7 / 10
Director