
IMDb Rating - 8.7/10 Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဒီတစ်ခါတော့Animation အနေနဲ့ထွက်လာတာပါ။ ကမ္ဘာဒီဘက်ခြမ်းက လိပ်ပြာလေးက တောင်ပံလေးတစ်ချက် ခတ်လိုက်တာပဲ...ဒါပေမယ့် ကမ္ဘာဟိုဘက်ခြမ်း မှာတော့ လေဆင်နှာမောင်းပါ တိုက်သွားတယ်ဆိုတဲ့ "Butterfly effect"ဆိုတာကို ကြားဖူးကြသလားဗျ၊ "အကယ်၍များ" ဒီလိပ်ပြာလေး တောင်ပံမခတ်ခဲ့ရင်၊ "အကယ်၍များ" ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိရင် စသဖြင့် ကိုယ့်ရဲ့လုပ်ဆောင်မှုသေးသေးလေး တစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲသွားနိုင်တဲ့အဖြစ်မျိုး လူတိုင်းကြုံဖူး၊ ကြုံလာရမှာပါ။ "အကယ်၍များ" ဆုံးဖြတ်ချက်တစ်ခုကြောင့် Marvel Universe တစ်ခုလုံး ကပေါက်တိကပေါက်ချာဖြစ်သွားခဲ့ရင် ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား ဇာတ်ကောင်တွေပြောင်းလဲကုန်ရင် အပြိုင် Worldအသစ်တွေ၊ Multiverse အသစ်တွေ ထွက်ပေါ်လာရင်....စသဖြင့် မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ၊ Timelineအသစ်၊ Universeအသစ်တွေကို ချပြသွားမယ့် Marvelရဲ့ Brand New Animation seriesအသစ် " What if....? " ထွက်ရှိလာပါပြီ။ Live actionက အသံသရုပ်ဆောင် တော်တော်များများ ပြန်ပါလာသလို ပရိတ်သတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုးတွေကို Animationအနေနဲ့ ကြည့်ရှုခံစားရမှာပါ၊ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အပိုင်းသစ်ထွက်မှာ ဖြစ်ပြီး Channel Myanmarကနေ အပတ်စဥ်တင်ဆက်ပေးသွားမှာပါ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ JimX, Pyi T. Nyein တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration – 30 mins (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Animation, Fantasy Source : 1080p.WebRip Translator – JimX, Pyi T. Nyein Encoder – SWM
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
August 11, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director