
Record of Ragnarok - Season (01) =============================== "Record of Ragnarok"ကို Anime fan အတော်များများသိပြီး ဖြစ်ပါလိမ့်မယ်။ မသိသေးသူများအတွက် ပြောပြရမယ်ဆိုရင်တော့ ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေ (ဥပမာ-Thor,Zeus, Shiva, Buddha,etc...)နဲ့ လူသားတွေကြားကတိုက်ပွဲဖြစ်ပါတယ်။ ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေဖြစ်တဲ့အတွက် universe တွေကိုတစ်နေရာတည်းအကုန်စုကြည့်နေရသလိုပါပဲ။ အဲ့တစ်ချက် နဲ့တင် ဇာတ်လမ်းကအတော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ဘာလို့လူသားတွေနဲ့ တိုက်ပွဲဖြစ်ရသလဲဆိုရင်ဖြင့် အဲ့လိုဘာသာရေး နယ်ပယ်အစုံက နတ်ဘုရားတွေဟာ နှစ်၁၀၀၀မှာတစ်ခါ သူတို့ဖန်ဆင်း ခဲ့တဲ့လူသားမျိုးနွယ်ကို ဆက်ရှင်သန်ခွင့်ပေးရမလား၊ မျိုးဖြုတ်ပစ် ရမလားဆိုပြီး မဲခွဲတဲ့အစည်းအဝေးထိုင်တတ်ကြပါသတဲ့။ အဲ့လိုနဲ့ နှစ်(၁၀၀၀)ရောက်တိုင်းတစ်ခါ မဲခွဲလာလိုက်တာ လူသားမျိုးနွယ် သက်တမ်းက အနှစ်(၇)သန်းအရောက်မှာတော့ ကမ္ဘာကြီးဟာ ယိုယွင်း ပျက်စီးလာလို့ ဘယ်နတ်ဘုရားမှ လူသားမျိုးနွယ်ကိုဆက်ထားချင်စိတ် မရှိတော့ပါဘူး။ အဲ့မှာတင် မျိုးဖြုတ်ကြမယ်အလုပ် Valkyrie ညီ အစ်မ(၁၃)ဖော်ထဲက အကြီးဆုံးအစ်မတော် Brunhild က "Ragnarok" စီးချင်းပွဲကို အဆိုပြုခဲ့ပါတယ်။ "Ragnarok"စီးချင်းပွဲဆိုတာက နတ်ဘုရားတစ်ပါးနဲ့ လူသားတစ်ယောက် အသေအကြေစီးချင်းတိုက်တဲ့ပွဲပါ။ "Ragnarok"မှာ (၁၃)ချီပါဝင်မှာ ဖြစ်ပြီး အရင်ဆုံး(၇)ချီနိုင်တဲ့ဘက်က အနိုင်ရမှာပါ။ နတ်ဘုရား၁၃ပါးနဲ့ လူသားမျိုးနွယ်ရဲ့အသန်မာဆုံးလူ(၁၃)ယောက်တို့ စီးချင်းတိုက်ကြရင်း နောက်ဆုံးအဆုံးသတ်ရလဒ်က ဘယ်လိုဖြစ်လိမ့်မလဲ၊ လူသားမျိုးနွယ်ဟာ သုတ်သင်ခံရမှာလား၊ ဆက်လက်ရှင်သန်ခွင့်ရရှိမှာလားဆိုတာကို ကြည့် ရှုရမှာဖြစ်ပါတယ်။ လက်ရှိမှာ Netflix ကနေ Season 2 ခုထွက်ရှိထားပြီး IMDb rating 6.3/10 ရရှိထားပါတယ်။ Japanese voice actor ကောင်းတွေပါဝင် အားဖြည့်ထားတဲ့အပြင် Battle ကြမ်းကြမ်း၊ ဇာတ်အိမ်ဆန်းဆန်းနဲ့မို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ (ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Ngwe Zin, Khant Sett Naing, Hnin Wut Yi တို့ဖြစ်ပါတယ်။) File Size.............(800 MB) / (400 MB) Quality...............WEB-RIP 1080p / 720p Duration............25Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Animation, Action, Adventure Translator..........Ngwe Zin, Khant Sett Naing, Hnin Wut Yi Encoder..............Zin Phyo Aung
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 17, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.5 / 10
Director