
2016 ရဲ့ ဒီစီ စီးရီးအသစ် လာပါပြီဗျာ။ အားလုံးမျှော်နေကြတဲ့ legends of tomorrow ပါ။ IMDb ကတော့ အပိုင်း ၁ ထွက်အပြီးမှာပဲ 8.1 ရထားပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အဲရိုး နဲ့ ဖလက်ရှ် စီးရီး Cross Cover ထဲက မသေမျိုး ရန်သူကြီး ဗန်ဒယ် ဆဗေ့ဂျ် ဟာ ၂၁၆၆ မှာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပါတော့တယ်။ အဲဒါကို တားဆီးချင်တဲ့ Time Master ကပ္ပတိန် ရစ်ပ် ဟန်တာ ဟာ အချိန်စက်ဝန်းကို စောင့်ထိန်းရမယ့် ဥပဒေကို ချိုးဖောက်ပြီးတော့ ၂၀၁၆ ခုနှစ်ကို ပြန်သွားပြီး လူ ၈ ယောက်ကို စုဆောင်းပြီး ဗန်ဒယ် ဆဗေ့ဂျ် အင်အားမကြီးခင် ကာလတစ်ခုကို ရှာပြီး ကြိုတင်နှိမ်နင်းဖို့ ကြံစဉ်ပါတော့တယ်။ လူ ၈ ယောက်ကတော့ အဲရိုးစီးရီးမှ ဆာရာလန့်စ်( Canary)၊ ဖလက်ရှ်စီးရီးမှ Hawk မောင်နှံနှစ်ဖော်၊ မီးမုန်တိုင်း ၂ ယောက်၊ ကပ္ပတိန် Cold နဲ့ Heatwave လူမိုက်ကြီး ၂ ယောက် နဲ့ ရေးပါမာ(Atom) ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သဘောကျမိတဲ့ အချက်ကတော့ သူစုဆောင်းတဲ့ လူတွေဟာ သူရဲကောင်းဖြစ်ချင်စိတ် ထက်သန်နေတဲ့သူတွေ ပင်ကိုယ် သူရဲကောင်းကြီးတွေ မဟုတ်ကြပါဘူး။ လမ်းပျောက်နေတဲ့သူတွေ လူဆိုး သူခိုးတွေပါ။ ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ကတော့ ဘယ်လိုလူမျိုးတွေမှာ မဆို ဖုန်းကွယ်နေတဲ့ သူရဲကောင်းစိတ်လေးတွေရှိပြီ အခွင့်အရေးရခဲ့ရင် ကြုံကြိုက်လာခဲ့ရင် မလွှဲမရှောင်သာတော့ရင် စွမ်းအားတွေ စိတ်ဓာတ်တွေ ပေါ်ထွက်လာနိုင်ပုံကို ပြချင်တယ်လို့ပဲ မြင်မိပါတယ်။ အပိုင်း ၁ ကို ကြည့်ရှုပြီး သူတို့ရဲ့ ခံစားချက်တွေ ဆုံးဖြတ်ချက် ချသွားပုံတွေ မှာ တွေးစရာတွေ အများကြီး ရလာမှာပါ။
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
October 13, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.3 / 10
Director