
ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ် ထယ်ဂျုံးမင်းတရားကြီးလက်ထက် မြို့ရွာအနှံ့ကို ဒုက္ခပေးရုံတင်မက နန်းတွင်းထိပါ ပျံ့နှံ့ဝင်ရောက်လာတဲ့ ဖုတ်ကောင်နတ်ဆိုးတွေနဲ့ သူတို့ရဲ့ဘေးရန်ကနေ ပြည်သူတွေကိုကာကွယ်ပေးဖို့ကြိုးစားကြမယ့် မင်းသား၂ပါးရဲ့တိုက်ပွဲကို ရိုက်ကူးထားတဲ့ နန်းတွင်း သည်းထိတ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။ သွေးအေးပြီး အာဏာရဖို့ပဲတစိုက်မတ်မတ်ကြိုးစားခဲ့တဲ့ မင်းသားလီဘန်းဝန်ဟာ လူများစွာကိုသတ်ဖြတ်ပြီး ထယ်ဂျူံးမင်းကြီးအဖြစ် ထီးနန်းစိုးစံခဲ့ရပြီးနောက်မှာ နတ်ဆိုးတွေရဲ့ နှောင့်ယှက်မှုကို နိုင်ငံအဝှမ်းကြုံတွေ့ခဲ့ရပါတယ်။ အိမ်ရှေ့စံမင်းသား Yangnyeong ကတော့ ဖခင်ရဲ့အသိအမှတ်ပြုခံရဖို့အမြဲကြိုးစားရင်း ပူပင်သောကများနေရတဲ့မင်းသားတစ်ပါးဖြစ်ပြီး မင်းသား Chungnyeong ကတော့ အေးေဆေးဆေးနေတတ်တဲ့ စာပေလေ့လာသူတစ်ဦးဖြစ်ပါတယ်။ စာပေလေ့လာသူတစ်ဦးဖြစ်တဲ့ မင်းသား Chungnyeong တစ်ယောက်နတ်ဆိုးတွေရဲ့တိုက်ပွဲကြားရောက်ခဲ့တဲ့အခါမှာတော့ ညီအစ်ကို၂ဦး နတ်ဆိုးတွေရန်ကနေ ပြည်သူတွေကို ဘယ်လိုအကူအညီပေးဖို့ ကြိုးစားသွားမလဲ သူတို့ကြားက နန်းတွင်းတိုက်ပွဲတွေကရော ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ကြမး်ပေ့ရမ်းပေး အက်ရှင်ခန်းပေါင်းများစွာနဲ့ ရင်တမမ မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။ Quality – 720p Duration – 1hr (@Episode) Subtitle – Myanmar Hardsub Genres: Action, Historical, Drama, Fantasy Translator – Lwin Lwin Aung,Ei Phyu Khin ,Khine Khine Wai & Ichika Encoder – Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 22, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.3 / 10
Director
Shin Kyung-soo