
ခုတစ်ခါမှာတော့ အားလုံးစိတ်ဝင်စားပြီး သဘောကျလောက်မယ့် တရုတ်ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် လူ နတ် မကောင်းဆိုးဝါးတို့အတူ ယှဉ်တွဲနေထိုင်ကြတဲ့ရှေးခေတ်မှာ ရှန်နုန် ရွှမ်းယွမ် ကောင်းရှင်းဆိုတဲ့ တိုင်းပြည်၃ခုက ကြီးစိုးနေတဲ့အချိန် ဝေးလံတဲ့အရပ်ကို ခရီးနှင်နေတဲ့ ကောင်းရှင်းပြည်ရဲ့မင်းသမီး ကျိုယောင် (ရှောင်ယောင်း)ဟာ အခက်ခဲဒုက္ခတွေနဲ့ကြုံတွေ့ပြီးနောက်မှာတော့ သူမရဲ့ ရာထူး အသွင်အပြင်တွေပါ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့နောက်မှာတော့ ချင်းရွှေမြို့ကိုရောက်လာခဲ့ပြီး ဝိန်းရှောင်လျို့အဖြစ် ဆက်လက်နေထိုင်ခဲ့ရင်း သူမရဲ့အစ်ကိုဝမ်းကွဲဖြစ်သူ ရွှမ်းယွမ်ပြည်မင်းသား ချန်ရွှမ်းက သူမကိုလိုက်ရှာနေရာကနေ ချင်းရွှေမြို့ကို ရောက်လာခဲ့ပါတယ် စစတွေ့ချင်းမှာတော့ ရှောင်ယောင်းက သူ့အစ်ကိုဝမ်းကွဲကို မမှတ်မိဘဲ တစ်ဖက်မှာလည်း ချင်းချိုးသခင်လေး ထူရှန်းကျင်ကို အန္တာရာယ်ကြားမှ ကယ်တင်ပေးခဲ့ရာကနေ နောက်ပိုင်းမှာ နှစ်ဦးမေတ္တာမျှခဲ့ကြပြီးတော့မှ ရေစက်ကုန်လို့ဝေးခဲ့ရပြန်ပါတယ် အဲ့နောက်မှာတော့ ရှန့်လျိုနဲ့ဆုံတွေ့မိပြီး နှစ်ဦးက သဘောထားချင်းကိုက်ညီကြရာကနေ ခင်မင်ရင်းနှီးသွားခဲ့ကြပါတယ် လောကဓံအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ ရှောင်ယောင်းနဲ့ သူ့အစ်ကိုတို့ အချင်းချင်းပြန်မှတ်မိသွားခဲ့ပါတယ် ဒီကားလေးရဲ့ Main Cast တွေကတော့ ရှောင်ယောင်း ဝိန်ရှောင်လျို့ အဖြစ် Yang Zi ရွှမ်းဟွမ်းမင်းသားချန်ရွှမ်း အဖြစ် Zhang Wanyi ချင်းချိုးသခင်လေးထူရှန်းကျင် အဖြစ်Deng Wei ရှန်နုန်ပြည်စစ်သူကြီး ရှန့်လျိုအဖြစ် Tan Jianciတို့က အဓိကပါဝင်ထားတာဖြစ်ပါတယ် မတူညီတဲ့ ဇာတ်ကောင်လေးခုရဲ့ အချစ်အပေါ်ခံယူချက်နဲ့ ဖော်ပြပုံတွေကို ရှုထောင့်မျိုးစုံကနေ အသွင်မျိုးစုံနဲ့ ကြည့်ရှုခံစားနိုင်ပြီး မလွှင့်ခင်ကတည်းက နာမည်ကြီးနေတဲ့ကားလေးမို့လို့ တရုတ်ဇာတ်လမ်းတွဲ ပရိတ်သတ်အနေနဲ့ လက်မလွှတ်သင့်တဲ့ ဒီဇာတ်လမ်းလေးကို CM ကနေ မကြာခင်မှာ ဘာသာပြန်တင်ဆက်ပေးတော့မှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Total Episodes : 39 Format : mp4 Genres : Action , Drama , Adventure Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
July 24, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
10.0 / 10
Director
Zoe Qin