
Channel Myanmar ပရိတ်သတ်တွေအတွက် အခုတစ်ခါ တင်ဆက်ပေးမှာကတော့ မနေ့တစ်နေ့ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ Warrior Nun ဆိုတဲ့ အမိုက်စား ရုပ်ရှင်စီးရီးလေးပဲဖြစ်ပါတယ်။ ဒီ Warrior Nun Series ဟာ July 2 ရက်နေ့ကမှ Neflix မှာ စတင်ပြသခဲ့တာဖြစ်ပြီး Stranger Things ရဲ့ vibe ကို ခံစားရစေတယ်လို့ ကြည့်ရှုသူတွေက ဆိုကြပါတယ်။ ဇာတ်လမ်းအကြောင်းလေး ပြောရမယ်ဆိုရင်တော့… ပရိတ်သတ်တို့ ပတ်ဝန်းကျင်မှာ ခရစ်ယာန်သီလရှင်တွေကို မြင်ဖူးပါသလား.. ခရစ်တော်ရဲ့ တရားဓမ္မနဲ့ ပျော်မွေ့တဲ့ မေတ္တာတရားပိုင်ရှင် အေးချမ်းတဲ့မျက်နှာလေးတွေနဲ့ သီလရှင်လေးတွေပေါ့…. ဒါပေမယ့် ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သီလရှင်လေးကတော့ ကမ္ဘာပေါ်ရောက်လာတဲ့ နတ်ဆိုးတွေကို တိုက်ထုတ်ရင်း ဘုရားသခင်ကို ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းမယ့် စစ်သည်တော်သီလရှင်လေးပါ။ သူကတော့ အေဗာ တဲ့….. အသက် ၁၉ နှစ်အရွယ် အေဗာလေးဟာ ရုတ်တရက်သေဆုံးသွားပြီး ရင်ခွဲရုံထဲ ရောက်သွားခိုက် ရုတ်တရက် သေရွာပြန်အဖြစ်နဲ့ ပြန်လည် နိုးထလာတဲ့အခါ……… တဖန်ပြန်လည်ရှင်သန်ခြင်းနဲ့အတူ ငရဲဘုံရော ကောင်းကင်ဘုံကပါ အသည်းအသန်လိုချင်နေတဲ့ အစွမ်းတွေက သူ့ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့အခါ….. တစ်ဖက်မှာလည်း ဘုန်းတော်ကြီးတွေ စစ္စတာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘာသာရေးဂိုဏ်းက အေဗာ့ဆီရောက်သွားတဲ့ စွမ်းအင်ကို အသည်းအသန်လိုက်ရှာရင်း အဲဒီစွမ်းအင်ကို အနံ့ခံမယ့် နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ ကြိုးစားရင်း ခေါင်းမီးတောက်နေကြရတာပါ။ အဲဒီအစွမ်းကို လိုက်ရှာပြီး ထိုက်တန်သူလက်ထဲ အပ်နှင်းရမယ့်တာဝန်ကလည်း ရှိနေတာကိုး… ဒီတော့ ကောင်းကင်ဘုံ လူ့ဘုံ နဲ့ ငရဲဘုံ ဆုံချက် ၃ ခုအလယ်မှာ ပစ်မှတ်ဖြစ်နေတဲ့ အေဗာလေးမှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ ဘုရားသခင်ရဲ့ စစ်သည်တော်တွေကရော စွမ်းအင်ကို ပြန်ရှာတွေ့မှာလား…. ငရဲဘုံက နတ်ဆိုးတွေကပဲ စွမ်းအင်ကို အနံ့ခံပြီး ရရှိသွားကြမှာလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်ပြီး ကြည့်လိုက်ရအောင်နော်…။ ဒီဇာတ်လမ်းက ဘာသာရေး၊ ဒဏ္ဍာရီအယူအဆတွေ၊ အက်ရှင်တွေ အားလုံး ပါဝင်ရောပြွန်းနေတဲ့ ဇာတ်လမ်းတွဲ အလန်းလေးမို့ ကြည့်ရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို August, YK, Htet Wai Lwin, Naw Phoo Pwint Thi, Myat Noe Pwint, Esther နဲ့ Thaw တို့က ဘာသာပြန်ထားတာဖြစ်ပြီး Thaw က Review ရေးထားပေးပါတယ်။
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
July 2, 2020
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.1 / 10
Director