
IMDb Rating - 8.0/10 နက်ဖလစ်ရဲ့နတ်ဘုရားစီးရီးအသစ်တစ်ခုကိုတင်ဆက်ထားပါပြီ။ American Gods တို့ Norse Mythology တို့ကို ရေးခဲ့တဲ့ စာရေးဆရာကြီး နီးလ်ဂိုင်မန်ရဲ့ လက်ရာတွေထဲက Sandman ဆိုတဲ့ နတ်ဘုရား စွမ်းအားရှင် တစ်ယောက်အကြောင်းပါပဲ။ ဇာတ်လမ်းအစမှာတော့ ကမ္ဘာနှစ်ခုကို အရင်ပြသထားပါတယ်။ လူသားတွေ နေတဲ့ နိုးထကမ္ဘာနဲ့ အိပ်မက်ကမ္ဘာပေါ့။ အိပ်မက်ကမ္ဘာရဲ့ နတ်ဘုရားဟာ သူ့ဆီ ကနေ ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတစ်ကောင်ကို လိုက်ဖမ်းနေခဲ့ပါတယ်။ ဖမ်းမိသွားတဲ့အချိန်လေးမှာပဲ ဘာမှမလုပ်ခင် သူ့ကို လူသားတစ်စုက မှော်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်။ ဒါပေမဲ့ တကယ်တော့လည်း လူသားတွေ ဖမ်းချင်တာက သေမင်းတမန်တော်ကိုပါ။ ယုံထောင်ကြောင်မိဖြစ်ပြီး အိပ်မက်နတ်ဘုရားက အချောင်ဖမ်းခံလိုက်ရပါတယ်။ နောက်မှသိရတာက အိပ်မက်နတ်ဘုရားဟာ Endless ဆိုတဲ့ အဆုံးမဲ့နတ်ဘုရား (၇) ပါးထဲက တစ်ပါးဖြစ်နေတာပါပဲ။ အဲဒီ ၇ ပါးကတော့ ကံကြမ္မာ၊ ခွဲခွာမှု၊ အိပ်မက်၊ ဖျက်ဆီးခြင်း၊ ရမက်၊ သောက၊ ထင်ယောင်ထင်မှား ဆိုတဲ့ ဘုရား(၇)ပါးပါပဲ။ သူတို့က သာမန်နတ်ဘုရားတော်တော်များများထက် စွမ်းအားကြီးကြပါတယ်။ ဒီစီးရီးမှာတော့ အိပ်မက်နတ်ဘုရား အဖမ်းခံရချိန်မှာ အိပ်မက်ဆိုးတွေ သောင်းကျန်းပြီး ကမ္ဘာကြီးကို ဒုက္ခပေးနေကြတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ အိပ်မက်နတ်ဘုရား လွတ်မြောက် လာချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်လိုက်ပါဦး..... စုစုပေါင်း(၁၀)ပိုင်းပါဝင်တဲ့ ဒီစီးရီးကို CMမှ ဆက်တိုက်တင်ဆက်ပေးသွားပါမည်။ (ဒီစီးရီးရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများ ကတော့ Mr.Anderson, JimX, Pyi T.Nyein, Chuck Chuck, Khant Sett Naing တို့ ဖြစ်ပါတယ်။) File Size.............(300 MB) Quality...............WEBDL 720p Duration............1Hr(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, Fantasy, Horror, Sci-Fi & Fantasy Translator..........Mr.Anderson, JimX, Pyi T.Nyein, Chuck Chuck, Khant Sett Naing Encoder..............SWM
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
August 5, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.1 / 10
Director