
Guardian of the Galaxy တို့ Jurassic World တို့နဲ့ နာမည်ကြီးနေတဲ့ မင်းသား ခရစ် ပရက်ဟာ အခုတော့ အက်ရှင်စီးရီးအကောင်းစားတစ်ခုမှာ ပါဝင်လာပါပြီ။ ရုပ်ရှင်အဆင့်တန်းမျိုးနဲ့ ဘက်ဂျက်ကောင်းကောင်းနဲ့ရိုက် ထားတာမို့ တဝကြီးကြည့်ရမှာပါ။ ခရစ်ပရက်ကတော့ SEALအထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး ဂျိမ်းစ်ရိစ်နေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ရိစ်ရဲ့ တပ်စိတ်ဟာ သတင်းပေးဆီက သတင်းအခိုင် အမာရပြီးအကြမ်းဖက်ခေါင်းဆောင် ကဟာနီရဲ့ လျို့ဝှက်စခန်းကို ဝင်စီးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက ထောင်ချောက်ဖြစ်နေပြီ ရိစ်ရဲ့ တပ်ဖွဲ့တစ်ခုလုံး ကျဆုံးသွားခဲ့ပြီး ရိစ် တစ်ယောက်ပဲ အသက်ရှင်လျက်လွတ်မြောက်ခဲ့ပါတယ်။ သူလည်း ခေါင်းထိသွားပြီး ပြန်သတိရလာချိန်မှာ စစ်ဆင်ရေးမှတ်တမ်းတွေရော အချက်အလက်တွေရောက သူမမှတ်သလိုလို ပြင်ဆင်ထားသလိုလို မှားနေသလို လိုဖြစ်လာပါတယ်။ ဒါပေမဲ့ သူပြောတာကိုလည်း ဘယ်သူမှ မယုံဘဲ သူ့ကိုခေါင်းထိ ထားလို့ ကောင်းကောင်းနားဖို့ပဲ ဝိုင်းပြောလာကြတယ်။ ဒါပေမဲ့ အမေရိကန်မြေ ပေါ်မှာပါ ဒီကိစ္စအတွက် သူ့ကိုလုပ်ကြံသူပေါ်လာတဲ့အခါ ရိစ်တစ်ယောက် အဖြေ တွေကိုရှာဖွေရင်း အသက်ရှင်ဖို့ တိုက်ခိုက်ရပါတော့တယ်.... (စုစုပေါင်း ၈ ပိုင်း တစ်ပြိုင်တည်းထွက်ရှိထားပြီး cm မှဆက်တိုက်တင်ဆက်ပေးပါ့မယ်) (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(800 MB) / (350 MB) Quality...............WEBDL 1080p / 720p Duration............1Hr 10Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Drama, Thriller Translator..........Mr.Anderson Encoder..............SWM
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 30, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director