
Saas, Bahu Aur Flamingo (2023) IMDb-8.1/10 ပူပူနွေးနွေးထွက်ရှိထားပြီး မှတ်ချက်ကောင်း rating ကောင်းတွေ အများအပြားရရှိထားတဲ့ ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။ "ယောက္ခမ၊ ချွေးမများနှင့် ကြိုးကြာနီ" တဲ့။ ခပ်ကြမ်းကြမ်းမင်းသမီးကြီးနဲ့ ခပ်လန်းလန်းမင်းသမီးလေးတွေအများကြီး ပါဝင်ထားတဲ့ ခပ်မိုက်မိုက်ဇာတ်လမ်းတွဲတခုပါ။ ဇာတ်လမ်းအကျဉ်း ရာနီဘာဆိုတဲ့ အမျိုးသမီးကြီးက အမျိုးသမီးတွေနဲ့ချည်း မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းတခုဖွဲ့စည်းထားတယ်။ သားနှစ်ယောက်ရှိပေမဲ့ သားတွေကိုကျ အဝေးမှာပို့ထားပြီး ချွေးမတွေနဲ့သမီးကိုပဲ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာမှာ ခိုင်းစေခဲ့တယ်။ သူတို့ဆီက ထုတ်တဲ့ မူးယစ်ဆေးကြောင့်ပဲ ဒုဝန်ကြီးရဲ့ သားဖြစ်သူအရေးပေါ်ရောက်သွားတဲ့နောက်မှာတော့ မူးယစ်နှိမ်နှင်းရေးကနေ မူးယစ်ဆေးထုတ်လုပ်နေတဲ့ ပင်မအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့ ရဲတယောက်ကို အထူးစေလွှတ်လိုက်တယ်။ အရှင်ခရစ်သျှဏ မွေးနေ့ပွဲမတိုင်ခင်မှာပဲ... စပိန်ဂိုဏ်းတခုဆီကို သတ်မှတ်ထားတဲ့ဆေးပမာဏပို့ပေးရမှာရယ်၊ နိုင်ငံခြားကနေ ပြန်လာမဲ့သားနှစ်ယောက်ရယ်၊ သူ့ရဲ့ အမွေခံတယောက် ရွေးချယ်ဖို့ကနေ မိသားစုသွေးကွဲကြတာတွေ၊ မူးယစ်နှိမ်နှင်းရေးက အရာရှိက စုံစမ်းစစ်ဆေးမှုလုပ်တာတွေ၊ အဲလိုအရာတွေကြားထဲမှာမှ ဘုရင်မလို့ ခေါ်ဝေါ်ကြတဲ့ ရာနီဘာတယောက် ဘယ်လိုတွေကုလားဖန်ထိုး ဉာဏ်ကစားပြီး ရင်ဆိုင်သွားမလဲဆိုတာ တပိုင်းပြီးတပိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ 18+ နှင့် ခုတ်ထစ်ဖြတ်အခန်းတချို့ပါဝင်တာကြောင့် ကလေးငယ်များနှင့်အသည်းငယ်တတ်သူများ မကြည့်ရှူသင့်ပါ။ (အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်သူတွေကတော့ chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii တို့ပဲဖြစ်ပါတယ်) Quality : 1080p / 720p Total Episodes :8Eps Format : mp4 Genres : Drama, Action & Adventure Duration : 40mins Subtitle : Myanmar Subtitle ( Hardsub ) Translated by chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 5, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.6 / 10
Director