
ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ…. နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။ အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။ ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။ Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က (9.5/10) ထိရရှိထားတာဖြစ်ပါတယ်။ Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်စီးရီးထဲမှာ Top ပါပဲ။ Season( 8 ) မှာ အဆုံးသတ်ထားပြီး CM အနေနဲ့ အစ/အဆုံး တင်ဆက်ထားပြီးဖြစ်ပါတယ်။ BluRay 1080p Quality နဲ့ ယခင်တင်ဆက်ဖူးတဲ့ WEb-DL 480p Quality တို့အား တင်ဆက်လိုက်ပါတယ်။ Quality….BluRay 1080p / WEB-DL 480p File Size....(800 MB Appx) / (400 MB Appx) Format…mp4 Total Episode… 10 Episode Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 31, 2013
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.4 / 10
Director