
မာတာလဒါ အဖြစ် Toey Jarinporn ပူရင်မ်/ ပိန်နိန် အဖြစ် James Jirayu ဇာတ်လမ်းအကျဉ်း ပူရင်မ်က နာမည်ကြီးနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပြစ်ချက်မရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ပူရင်မ်ဟာ ဖခင်ဖြစ်သူရဲ့စည်းမျဥ်းအတိုင်း ငယ်ကတည်းကနေခဲ့ရပြီး သွေးအေးလွန်းတာမို့ "နှလုံးသားမရှိတဲ့ နှလုံးအထူးကု"လို့တောင်ခေါ်ခံရပါတယ် မာတာလဒါကတော့ ဂေးဖခင်တစ်ဦးရဲ့သမီးဖြစ်ပြီး ဘဝကို ဖြူစင်စွာ ကလေးဆန်ဆန်ဖြတ်သန်းလာသူတစ်ယောက်ပေါ့ လွတ်လပ်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရပြီး အလိုလိုက်ခံရသူပီပီ မာတာကတော့ ပူရင်မ်နဲ့ဆန့်ကျင်ဘက် စိတ်စေရာအတိုင်းဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေခဲ့တယ် ဒီလိုမတူညီတဲ့ဘဝတွေရှိတဲ့ မာတာနဲ့ပူရင်မ်တို့ ဘဝအချိူးအကွေ့တစ်ခုမှာ ရင်းနှီးလာရချိန်မှာတော့ မာတာ့အပေါ်ခံစားချက်တွေရှိလာခဲ့တဲ့ ပူရင်မ်တစ်ယောက် သူ့အပေါ်ထိန်းချုပ်လာခဲ့တဲ့ဖခင်ကို ဆန့်ကျင်နိုင်ပါ့မလား အပူအပင်မရှိပျော်ရွှင်လာခဲ့တဲ့ မာတာကရော ဘဝထဲ အချစ်ဆိုတဲ့အရာဝင်ရောက်လာချိန်မှာ ဘာတွေပြောင်းလဲလာမလဲ အခက်အခဲတွေနဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးဖြောင့်ဖြူးနိုင်မလားဆိုတာ ကြည့်ရှုရအောင် ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: มาตาลดา Episodes: 16 Aired: Jun 6, 2023 - ? Aired On: Monday, Tuesday Original Network: Channel 3 Duration: 1 hr. 12 min. Translated by Kyi Nue Zin, Nang Mwe Kham & Lei Wutyi Tun Encoded by Naing Aung Latt
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 6, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Pawanrat Naksuriya