
ဇာတ်လမ်းရှည်ကြိုက်တဲ့ပရိသတ်တွေအတွက် Second Husband အပြီး အပိုင်း ၁၂၀ ရှိတဲ့ ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူရဲ့ သဲလွန်စတွေနောက် လိုက်လံရှာဖွေရင်း သူ့ဘေးပတ်ဝန်းကျင်မှာတင်ရှိနေတဲ့ လျှို့ဝှက်ချက်ထဲ ပါဝင်ပတ်သက်မိသွားတဲ့ ရှေ့နေတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ အဓိကပါဝင်ထားတဲ့ ကာရိုက်တာတွေကတော့... မိသားစုရဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားရတဲ့ ရှေ့နေဖြစ်သူ Woo Ji Hwan ... Woo Ji Hwan ရဲ့ အချစ်ဦးဖြစ်တဲ့ ထက်မြက်ပြီး နွေးထွေးတဲ့နှလုံသားပိုင်ရှင် ခွဲစိတ်ဆရာဝန်မလေး Baek Joo Hong ... ပိုက်ဆံ၊ အရည်အချင်း၊ မိသားစုနောက်ခံစတဲ့ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ အမှုစစ် Nam Tae Hyung ... အစ်ကိုဖြစ်သူ Nam Tae Hyung ကို လက်စားချေဖို့ တိတ်တဆိတ်ကြံစည်နေတဲ့ ဗီလိန်မ Nam Tae Hee ... Nam Tae Hyung နဲ့ Nam Tae Hee တို့ရဲ့အမေဖြစ်ပြီး သားဖြစ်သူအတွက် ဘာမဆိုလုပ်နိုင်တဲ့ Ham Sook Jin ... ဒီလို Thriller နဲ့ Romance ပေါင်းစပ်ပါဝင်ထားတဲ့စီးရီးရှည်ကြီးကို တနင်္လာကနေ သောကြာနေ့အထိ တစ်ပတ်ကို ငါးရက် ပြသသွားမှာဖြစ်လို့ တစ်ပတ်လုံးလုံး လောင်လိုက်၊ ရိုလိုက်နဲ့ တဝကြီးခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်။) Aired: April 11, 2022 -- October 10, 2022 Aired On: Monday - Friday Genres: Thriller, Drama, Romance Duration: 35mins Episodes: 124 Original Network: MBC File Size: 720p(~300MB) Translated by Ei Phyu Khin, Shoon & Hnin Pale Encoded by Kinnov
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 11, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
4.9 / 10
Director
Lee Min-su