
Kim Jung Ho (Lee Seung Gi) ဟာ monster genius လို့ လူသိများပြီး ထက်မြက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အဖေဖြစ်သူရဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် အလုပ်ကနေ ထွက်ခဲ့ရတယ်။ အဲ့ဒီအချိန်ကစပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ Jung Ho က သူပိုင်တဲ့ အဆောက်အဦးရဲ့ ခေါင်မိုးထပ်မှာနေပြီး အိမ်ဌားခတွေနဲ့ပဲ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခဲ့တယ်။ Kim Yoo Ri (Lee Se Young) ကတော့ တရားမျှတမှုကို လိုလားပြီး လှပတဲ့ ရှေ့နေမလေး .. ဥပဒေကုမ္ပဏီကြီးတစ်ခုကနေ အလုပ်ထွက်ခဲ့ပြီးတဲ့နောက် Jung Ho ရဲ့ အဆောက်အဦးမှာ "Law Cafe"ကို ဖွင့်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် .. ကော်ဖီဆိုင်ဖွင့်မယ့် အဆောက်အဦးပိုင်ရှင်က အထက်တန်းတုန်းက ခင်ခဲ့ကြတဲ့ ငယ်သူငယ်ချင်း Jung Ho ဆိုတာ သိသွားတဲ့အချိန်ကစပြီး ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲ?? ၁၇ နှစ်ကြာ တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ Jung Ho အတွက်ရော ဘယ်လို အပြောင်းအလဲလေးတွေ ဖြစ်လာမလဲ?? သူတို့နှစ်ယောက်ရဲ့"Law Cafe"မှာ ကော်ဖီသာမက ဥပဒေအကြံဥာဏ်တွေကိုပါ ရယူနိုင်တာမို့ အမှုကိစ္စတွေကို ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းပေးမလဲ?? A Korean Odyssey မှာ ဆုံခဲ့တဲ့ ဆွန်းအိုဂုံနဲ့ ဘူဂျာလေးတို့ကို တူတူပြန်တွေ့ရမှာဖြစ်ပြီး Law, Romance, Comedy အမျိုးအစားဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးကို ကြည့်ရမယ့်အပြင် ဥပဒေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေကိုပါ တွေ့ရဦးမှာနော် .. ဒီ drama လေးကို ဒီနေ့ညကစပြီး အပတ်စဥ် တနင်္လာ၊ အင်္ဂါနေ့တိုင်းမှာ KBS2 ရုပ်သံလှိုင်းကနေ ထုတ်လွှင့်ပြသသွားမှာမို့ စောင့်ကြည့်ဖို့ မမေ့နဲ့နော်.. ဇာတ်လမ်းအညွှန်းကို A Htet မှ ရေးသားပေးထားပါတယ်... Episodes: 16 Aired: Sep 5, 2022 - Oct 25, 2022 Aired On: Monday, Tuesday File Size:1.1GB, 500MB Quality :Web-DL 1080p,720P Genres: Comedy, Law, Romance Translated by Chothet_mlmt, A Htet, Ei Phyu Khin & Estel Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
September 5, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.9 / 10
Director
Lee Eun-jin