
The Fallen Leaf (2019) Thai Series ====================== " လေလွင့်ရွက်ကြွေ " နီရာဆိုတာ လှပတဲ့ပန်းလေးတွေနားမှာ အမြဲရှိပြီး ပန်းမဖြစ်လာနိုင်တဲ့ သစ်ရွက်ငယ်လေးတရွက်လိုပါပဲ... ဒီဇာတ်လမ်းလေးက သူ့ကိုအရမ်းချစ်တဲ့အမေကလွဲလို့ ဘယ်သူကမှ လက်မခံတဲ့ နှလုံးသားထဲမှာ မိန်းမငယ်လေးအဖြစ်ပြောင်းလဲနေတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ ။ သူ့အဖေက သူ့အပေါ်မကောင်းတဲ့အပြင် အမေ့အပေါ်လည်းနှိပ်စက်တယ် ၊ နီရာက သူ့အဖေကို သူ့ဦးလေးချတ်ချဝီလိုဖြစ်စေချင်ခဲ့တယ် ၊ သူ့အမေအပြင် သူ့အပေါ် ကြင်နာ ဂရုစိုက်တတ်တဲ့ ယောက်ျားပေါ့... တားမြစ်ထားတဲ့အချစ်တခုပေါက်ဖွားလာတာကို ချတ်ချဝီ သတိထားမိပြီး သူ့တူလေးနီရာကို ငြင်းဆန်ခဲ့တယ် ၊ နီရာ စိတ်ထိခိုက် အသည်းကွဲပြီး သူ့အမေအကူအညီကို ယူကာ သူ့ဘဝတခုလုံးပြောင်းလဲသွားမယ့် အရာတခုကို လုပ်ခဲ့ပါတယ် ၊ နီရာက လန်ဒန်မှာ အရမ်းလှပတဲ့အမျိုးသမီးတဦးအဖြစ်ပြောင်းပေးနိုင်မယ့် ခွဲစိတ်မှုကိုလုပ်ခဲ့ပြီး ကံမကောင်းစွာနဲ့ နီရာဆေးရုံကမဆင်းရသေးခင် သူ့အမေဆုံးပါးခဲ့ရတယ် ။ သူ့အမေကို သေစေခဲ့သူနဲ့ အရင်က သူတို့ သားအမိ ခံစားခဲ့ရတာတွေကို ပြန်လက်စားချေဖို့ လူအသစ်တယောက်အနေနဲ့ ထိုင်းကိုပြန်လာခဲ့ပြီး ရင်းနှီးတဲ့ဆရာဝန်တယောက်ရဲ့ညီမအမည်ခံနေခဲ့တဲ့ သူမ နီရာ... တနေ့မှာ နီရာက မတော်တဆ ချတ်ချဝီ နဲ့တွေ့ခဲ့ပြီး သူမအလှမှာ ချတ်ချဝီရော သူ့အဖေပါ နစ်မြောသွားခဲ့တယ် (အရင်က သူတို့တူ/သားမှန်းမသိပဲပေါ့....) နီရာ့ကို အမြဲမနာလိုဖြစ်နေတဲ့ သူ့အဒေါ်က နီရာ့ဘဝအမှန်ကို သိသွားပြီး နေရာတကာလိုက်ပိတ်ပင်ချိန်မှာတော့ နဂိုကတည်းက တားမြစ်ထားတဲ့ ကံဆိုးလှတဲ့ ချတ်ချဝီနဲ့ နီရာတို့ အချစ်လမ်းက ပိုပို ရှုပ်ထွေးလာခဲ့တယ် ၊ ဒီဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ....? နီရာ Transwoman အဖြစ်မပြောင်းခင်နေရာမှာ Love by chanceထဲက Saint က ပါဝင်သရုပ်ဆောင်ထားပါတယ်❤ (အညွှန်းရေးသားပြီး ဘာသာပြန်ပေးထားကြတာကတော့ Kyi Nue Zin နဲ့ Nang Mwe Kham ဖြစ်ပါတယ်) Drama: Bai Mai Tee Plid Plew Country: Thailand Aired: Jun 11, 2019 Network: GMM One Duration: 60 min Cast : နီရာ အဖြစ် Baifern Pimchanok Luevisadpaibul ချတ်ချဝီ အဖြစ် Push Puttichai Kasetsin ချုမ်ထဝတ် အဖြစ် Sam Yuranunt Pamornmontri လန်ရောင်အဖြစ် Nida Patcharaveerapong ဒေါက်တာ ဘန်ဂျန် အဖြစ် Aun Witaya Wasukraipaisarn
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 11, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.6 / 10
Director
Ekkasit Trakulkasemsuk