
ကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင် Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု ထိပ်တန်းဆုပေါင်းများစွာကို ၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်... ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလို Setting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်.. .တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲ အကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင် နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်.. အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင် ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါ သက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ပီပြင်အောင် ပုံဖော်ပေးထားတာကို ရွံဖို့ကောင်းလောက်အောင် တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ တိုင်းပြည်အသစ်တည်ထောင်ဖို့ ကြံစည်နေကြတဲ့လူတစ်စုအကြောင်းကို ငယ်ဘဝကနေစ နောက်ကြောင်းရာဇဝင်အစုံအလင်နဲ့ အချစ်၊ အလွမ်း၊ သူငယ်ချင်းသံယောဇဉ် ၊ မေတ္တာတွေ သစ္စာဖောက်မှုတွေနဲ့ပါ ရသစုံလင်အောင် ပုံဖော်ပြသပေးထားတာမလို့ အပိုင်း ၅၀ တိတိ တစ်ဝကြီးခံစားကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ ဇာတ်အိမ်အပြင် အဓိက ဇာတ်လိုက်ကျော်ကလည်း အားလုံးရဲ့အချစ်တော် "ယူအာအင်" ဖြစ်ပြီး တခြား မျက်နှာရင်းနှီးပြီးသား သရုပ်ဆောင်ကောင်းတွေအများကြီးကပါ ပါဝင်အားဖြည့်ထားတာမလို့ ကြည့်နေရင်းက ကိုယ့်အကြိုက် ဘယ်သရုပ်ဆောင်က ပါဝင်လာမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ပညာတွေပြသွားမလဲဆိုတာပါ ထပ်တိုးရင်ခုန်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ဗျ။ Episodes: 50 Duration: 60 Min File Size: 1.5GB , 500MB Quality :Web-DL 1080p ,720p Genres: Action, Historical, Drama, Political Translated by Chothet_mlmt,Khine Khine Wai,EiPhyu Khin,Win , Shoon& Hnin Pale Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
October 5, 2015
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director
Shin Kyung-soo