
Rafuchakkar (2023) IMDb-6.8/10 အခုနောက်ပိုင်း အိန္ဒိယစီးရီးတွေပိုပိုကောင်းလာတယ်ဆိုတာ ငြင်းမရတဲ့အချက်တစ်ခုပါပဲ ခုတစ်ခါလည်း ဆုရနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Manish Paul ၊ Priya Bapat တို့နဲ့ သရုပ်ဆောင်များစွာပါဝင်ထားတဲ့ crimes and drama စီးရီးလေး တင်ဆက်ပေးလိုက်ပါတယ် မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ကျင်းပဖို့ရောက်နေတဲ့ ပါဝန်ကူးမားဟာဘုမသိဘမသိအဖမ်းခံပြီးတရားရုံးထိ တန်းရောက်သွားပါတော့တယ် သူ့ရဲ့ရိုးသားမှုအတွက် အမှုရင်ဆိုင်ပေးမဲ့ရှေ့နေကတော့ ငယ်သူငယ်ချင်းဂျယ်ဒေ့ဗ် သူစွပ်စွဲခံထားရတဲ့အမှုတွေက ပါလီမန်အဖွဲ့ဝင်တစ်ဦးနဲ့ သူ့သမီးကိုလိမ်လည်မှု၊ နိုင်ငံတွင်းကနာမည်အကြီးဆုံးဘီစကစ်စက်ရုံကမုန့်ကို အဆီချဘီစကစ်ဆိုပြီး အမျိုးသမီးတွေကိုလိမ်ရောင်းမှု စသဖြင့်နိုင်ငံ့ပြည်သူတွေကိုထိခိုက်စေတဲ့ လိမ်လည်မှုပေါင်းများစွာ။ အိန္ဒိယနိုင်ငံတော်အတွက်ဆိုတဲ့ ခံယူချက်နဲ့ သူ့ကိုစွဲချက်တင်မှာကတော့ ရီတူး ၊ သူကလည်း ဒီအမှုတွေကို သိတောင်မသိပါဘူးငြင်း သူငယ်ချင်းဖြစ်သူဂျယ်ဒေ့ဗ်ကလည်းသူအပြစ်ကင်းကြောင်းသက်သေအစုံပြပေး၊ ရီတူးကလည်း သူကျူးလွန်ခဲ့တဲ့အကြောင်းရာအပြည့်စုံကို ဇာတ်လမ်းသဖွယ်စိတ်ဝင်စားနိုင်အောင်တင်ပြနိုင်နေလေတော့ တရားခွင်ဟာ အကြိတ်အနယ်ဖြစ်လာပါတော့တယ် ဒီလိမ်လည်မှုပေါင်းများစွာကျူးလွန်နေတဲ့သူ ကျူးလွန်ရတဲ့အကြောင်းရင်းကို ရီတူးရဲ့ ဖော်ထုတ်ပုံတွေနဲ့အတူရှုစားကြည့်ပါဦး (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~Soe Kalayarတို့ပဲဖြစ်ပါတယ် ) File Size – 800MB / 400MB Duration – 40mins Total Episodes: 9Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Bollywood Translator – BpL ~ Yunni ~Soe Kalayar Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 15, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director