
Prison Playbook လို့ ဆိုလိုက်တာနဲ့ Reply စီးရီးတွဲတွေနဲ့ Hospital Playlist ကို တန်းမြင်မိကြမှာပါ။ ဒီဇာတ်လမ်းတွဲတွေကတော့ ကိုရီးယားဒရာမာတွေမှာ အတော် ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်တာမို့ ဒီတစ်ခေါက်တော့ Prison Playbook ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီဇာတ်လမ်းတွဲတွေရဲ့ ဒါရိုက်တာ နဲ့ ဇာတ်ညွှန်းရေးဆရာက အတွဲလိုက် လက်ရာကောင်းတွေ ထုတ်လွှင့်ပြသနိုင်ခဲ့ကြတာပါ။ Hospital Playlist တုန်းက သဘောကျခဲ့တဲ့ ပရိသတ်တွေအနေနဲ့ ဒီကားကို သဘောကျမိမှာ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ပရိုဘေ့စ်ဘောသမားတစ်ယောက်ဖြစ်တဲ့ ကင်ဂျယ်ဟော့ ဟာ သူ့ညီမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူကို ဆုံးမရာကနေ ခြေလွန်လက်လွန်ဖြစ်သွားခဲ့ပါတယ်။ ဒါကို တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပေမယ့် ပြည်သူလူထုနဲ့ ပရိသတ်ကြီးကတော့ မကျေနပ်ခဲ့ကြပါဘူး။ အယူခံဝင်ဖို့ ကြိုးစားတဲ့ အချိန်မှာ ဘာတွေဆက် ဖြစ်ကြမလဲဆိုတာကို ကြည့်ကြရမှာပါ။ ထောင်ထဲဝင်ရတိုင်းလည်း လူဆိုးတော့ မဟုတ်ပါဘူး။ လူဆိုးသူခိုးတွေ အပေါဆုံးနေရာကလည်း ထောင်ပါပဲ။ သံယောဇဉ်တို့ မေတ္တာတရားတို့ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းတွဲတွေမှာ ထောင်ထဲက ဘယ်လိုဇာတ်လမ်းမျိုးတွေ၊ ဘယ်လိုသံယောဇဉ်တွေကို မြင်ရမလဲဆိုတာ ဒီဇာတ်လမ်းတွဲမှာ ကြည့်ရှူရမှာပါ။ IMDb - 8.3/10 ရရှိထားပြီးတော့ ကြည့်ရှူသူနှုန်း ၉၆ ရာနှုန်း ရရှိထားတဲ့ ဒီဇာတ်လမ်းကို ChannelMyanmar ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ August ပဲဖြစ်ပါတယ်။)
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 22, 2017
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.3 / 10
Director