
ဒီကားလေးက တွေ့မြင်နေကြ လူငယ်အချစ်သဘာဝပုံစံမျိုးကို ခံစားရမှာမဟုတ်ဘဲ လောကကြီးမှာ နေတာကြာလာတာနဲ့အမျှ ရင့်ကျက်လာကြ၊ တွေးတောတတ်လာကြပြီး အခြေအနေအရ ထိုက်သင့်တဲ့ဆုံးဖြတ်ချက်တွေကို ချခဲ့ရတဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေနဲ့ Lifestyle ကို မြင်သာထင်သာရှိအောင် ဖော်ပြပေးမှာမလို့ Hometown Cha Cha Cha လို ကျေးရွာလေးနဲ့ ပင်လယ်ကို ခံစားနိုင်တဲ့ ရသရမဲ့အပြင် ပါနေကြမဟုတ်တဲ့ လူလတ်ပိုင်းအရွယ်တွေရဲ့ အချစ်ရေးလေးတွေပါတာမလို့ ကြည့်ရတာ တမူထူးခြားပြီး ကြည့်လို့ကောင်းနေစေမှာပါ။ ဒါ့အပြင် သရုပ်ဆောင်ပညာပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တွေချည်းပဲဆိုတော့ ပြောနေစရာကိုမလိုဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် မထုတ်လွှင့်ခင်ကတည်းက သတင်းမွှေးနေတာပါ။ ဇာတ်လမ်းအကျဉ်း.... ဂျယ်ဂျူကျွန်းပေါ်က ရွာလေးတစ်ရွာမှာ မွေးဖွားလာပြီး ကုန်ကားတစ်စီးနဲ့ ကျွန်းပေါ်ဈေးပတ်ရောင်းပြီး စီးပွားရှာတဲ့ လူရိုးကြီး 'အီဒုံဆော့' က ကျွန်းပေါ်ကို အခုမှပြောင်းရွှေ့လာတဲ့ Mystery ဆန်ဆန် 'မင်ဆွန်းအာ' ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီးတဲ့အခါမှာတော့...ဘာဆက်ဖြစ်ကြမလဲ ကျွန်းပေါ်မှာမွေး၊ ကျွန်းပေါ်မှာပဲကြီးတဲ့ 'ချွဲဟန်ဆူ' ကတော့ အကြာကြီးနေမှ မြို့သားကြီးလုံးလုံးအဖြစ်နဲ့ ဇာတိမြေကို ပြန်ရောက်လာပြီး ငယ်ငယ်က အချစ်ဦးဖြစ်သူ 'ဂျောင်အွန်ဟီး' နဲ့ တစ်ဖန်ပြန်ဆုံတွေ့ခဲ့ပါတယ်။ သူ့ရဲ့အချစ်ဦးဖြစ်သူ 'ဂျောင်အွန်ဟီး' ကတော့ ကျွန်းပေါ်မှာ ငါးဆိုင်ဖွင့်ထားသူဖြစ်ပြီး 'ဂိုမီရန်' ဆိုတဲ့ မြို့ပြကြီးကို စိတ်ကုန်လို့ ကျွန်းပေါ်ပြန်ရောက်လာသူနဲ့ သူငယ်ချင်းဖြစ်လို့နေပါတယ်။ ဒီ Trio ရဲ့ ပေါင်းစပ်မှုကတော့ စိတ်ဝင်စားစရာပါပဲ... နောက်မြင်တွေ့နိုင်တာကတော့ တစ်နှစ်ကျော်ကြာ ရေငုပ်သမ ဘဝနဲ့နေပြီး ကျွန်းပေါ်ကိုပြောင်းရွှေ့လာတဲ့ တက်ကြွတဲ့"အီယောင်အို့' ဆိုတဲ့ ကောင်မလေးနဲ့ သင်္ဘောကပ္ပတိန်တစ်ဦးဖြစ်ပြီး နွေးထွေးတဲ့နှလုံးသားပိုင်ရှင်ဖြစ်တဲ့ 'ဘတ်ဂျောင်ဂျွန်း' တို့ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကဲ..ဒီလောက်ဆိုလည်း ဇာတ်ရည်လည်ပြီမလို့ Sat, Sun တိုင်း CM ကနေစောင့်မျှော်ကြည့်ရှုဖို့ မမေ့ပါနဲ့နော်... Episodes: 20 Duration: 60 Min Quality :Web-DL 1080p,720p Genres: Comedy , Drama Translated by Thynn Nu Swe, Song Song, Chothet_mlmt & Hay Thar Oo Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 9, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.8 / 10
Director
Kim Kyu-tae