
အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း) နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ ရဲ့ ဒီဇိုင်းအဖွဲ့မှူး ဟာယောင်းအွန်းဟာ ဖက်ရှင်လောကမှ နေရာ တစ်နေရာ ရထားသူ တစ်ဦး။ အလုပ်မှာဆိုရင် ထက်မြက်တယ် ၊ခေတ်ရေစီးကြောင်းကို နားလည်တယ် ၊ အလုပ်ဆို ကြိုးကြိုးစားစား လုပ်တတ်တယ်ဆိုပေမဲ့ အချစ်ရေးမှာတော့ သူမဟာ တမူကွဲပြားနေပြန်တယ်။ လက်တွေ့ဆန်ဆန် အမှန်အမှား တွက်ချက်နေတတ်ပြီး သွေးအေးအေးနဲ့ တည်ငြိမ်မှုကို ဦးစားပေးကာ ရပ်တည်နေသူတစ်ဦးဖြစ်တယ်။ အလုပ်မှာရော အချစ်ရေးမှာရော သွေးအေးတယ် ထင်ချင်ထင် တုပ်တုပ်မလှုပ်ပေမဲ့ ယွန်းဂျယ်ဂုဆိုတဲ့ နာမည်ကျော် ဖက်ရှင်ဓာတ်ပုံဆရာလေးနဲ့ တွေ့ဆုံခဲ့ရာမှာတော့ အပြောင်းအလဲလေး ဖြစ်လာခဲ့တယ်။ ပြီးပြည့်စုံမှုရဲ့ပြယုဒ် ဂျယ်ဂုဟာ စည်းစိမ်, ရုပ်ရည်ချောမောမှု, ထက်မြက်မှု တွေကိုပိုင်ဆိုင်ထားသူ တစ်ဦး ။ ဒါပေမဲ့ ဒါတွေက ယောင်းအွန်းကို ဆွဲဆောင်နိုင်တာမျိုးတော့ မဟုတ်ပါဘူး ... ဒါပေမဲ့ ပုံပြင်တိုင်းဟာ ပျော်ရွှင်စရာ ဇာတ်သိမ်းတော့ မရှိနိုင်ဘူးလေ... ဒါကြောင့်မို့ ယောင်အွန်းနဲ့ ဂျယ်ဂု တို့ရဲ့ ဇာတ်လမ်းလေးဟာ ကြည့်ရှုသူတွေရဲ့ နှလုံးသားကို လှုပ်ယမ်းကြေကွဲစေဦးမှာလား ၊ သူတို့ပုံစံ ဟန်ပန်အတိုင်းလေးပဲ ပျော်စရာ ဇာတ်သိမ်းလေးကို မြင်တွေ့ရမှာလားဆိုတာ အတူတူ စောင့်ကြည့်ကြမယ်နော်... Episodes: 16 Duration: 62 Min Quality : WEB-DL 720p Genres: Drama Translated by Win, Chit The , Song Song & Yumeko Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 12, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Lee Gil-bok