
ဘဏ္ဍာရေးပြဿနာဖြစ်ပြီးနှစ်၂၀အကြာ ဂျောင်အင်းဘဏ်ကိုရှင်းထုတ်ဖို့ ကြိုးစားရင်း ဘဏ္ဍာရေးဌာနထိပ်သီးပိုင်းတွေကြားထဲကပဋိပက္ခတွေ အစိုးရရဲ့ရှယ်ယာတွေကြောင့် ဒေဝါလီခံရတော့မယ့်သူတွေကြားပွက်လောရိုက်နေခဲ့ပါတယ် ပြည်သူတွေကလဲ ၁၉၉၇ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ ကိုရီးယားဘဏ္ဍာရေးအကျပ်အတည်းကာလလိုထပ်ဖြစ်မှာကိုကြောက်ရွံ့နေခဲ့ပါတယ် ....အဲ့ဒီတုန်းက တစ်နိုင်ငံလုံး ရောက်ခဲ့တဲ့ ဒုက္ခက တော်တော်ကြီးခဲ့တာကိုး.... အစိုးရပိုင်းကလူတွေ ခရိုနီတွေ စတော့ကစားတဲ့သူတွေ စီးပွားရေးသမားတွေကြား ဉာဏ်ကစားကကြသူတွေရဲ့ အကြောင်းတွေကို ပုံဖော်ထားတာပါ... ဒီနေရာမှာ ကျရှုံးတဲ့သူတွေ ဘဝပျက်သွားတဲ့သူတွေ မိမိကိုယ်မိမိသေကြောင်းကြံတဲ့သူတွေ ဒုနဲ့ဒေးပေါ့... ဒီကားမှာ အားရစရာကောင်းတာက မင်းသားရော မင်းသမီးရော သိပ်ထက်မြက်ကြတဲ့ သူတွေဖြစ်ပါတယ်.... ပြီးတော့ ..မင်းသားနဲ့ မင်းသမီးရဲ့ အချစ်ဇာတ်လမ်းလေးကိုတော့ သိမ့်သိမ့်မွေ့မွေ့လေး ထည့်ထားပုံတော့ရပါတယ်... Money Game ဆိုတဲ့အတိုင်း ငွေကြောင့် သားကောင်တွေပဲဖြစ်မလား...ငွေကို လိမ္မာပါးနပ်စွာနဲ့ အသုံးချနိုင်တဲ့သူတွေဖြစ်မလားဆိုတာကိုတော့... ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာဖြစ်ပါတယ်.... .စီးပွားရေးသမားတွေပိုကြည့်သင့်သလို အချစ်ဆို သိမ့်မွေ့နူးညံတဲ့အရာလို့ထင်တဲ့သူတွေလည်းကြည့်သင့်ပါတယ်... အပတ်စဉ် Wednesdayနဲ့ Thursday မှာ ထုတ်လွှင့်မှာ ဖြစ်ပြီး (၁၆)ပိုင်းရှိပါတယ်... ခံစားကြည့်ကြပါဦး..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Htet Nandar Aung နဲ့ Shoon တို့ပဲ ဖြစ်ပါတယ်.... Quality – HD-TV 720P Duration – 70min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama,Crime Translator – Fliex ,Shoon & Htet Nandar Aung Encoder – Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
January 15, 2020
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.7 / 10
Director
Kim Sang-ho