
CM fan တွေအတွက် အခု တင်ဆက်ပေးမယ့် series လေးကတော့ love with flaws ဆိုတဲ့ series လေးဖြစ်ပါတယ်... ဒီဇာတ်လမ်းလေးမှာ ဂျူဆောယွန်း(Oh Yeon Seo) ကတော့ ရုပ်ချောတဲ အစ်ကို ၂ ယောက်နဲ့ မောင်တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အစ်ကိုတွေနဲ့ မောင်ရဲ့ ပွေရှုပ်မှုကြားမှာ အမြဲကြားညှပ်ပါရသူပါ သူ့အစ်ကိုတွေနဲ့ မောင်ဖြစ်သူကြောင့် အသည်းကွဲသွားကြတဲ့လူတွကို အမြဲမြင်နေရတဲ့အခါ ရုပ်ချောတဲ့ ကောင်လေးတွေက မကောင်းဘူးလို့ သတ်မှတ်ပြီး ရုပ်ချောတဲ့ ယောက်ျားတွေကို ရှောင်နေခဲ့ပါတယ် လီဂန်ဝူ(Ahn Jae-Hyeon) ကတော့ နိုင်ငံခြားမှာ အကြာကြီး သွားနေပြီးမှ ကိုရီးယားကို ပြန်လာခဲ့တဲ့သူပါ သူအလယ်တန်းတက်တုန်းက အီးထွက်တာကို ကျောင်းသားတွေကအီးပေလို့ နာမည်ပြောင်ခေါ်ခဲ့ကြပါတယ် အဲ့လို ဝိုင်းအခေါ်ခံရတဲ့ လီဂန်ဝူကတော့ သူ့ကို အီးပေဆိုတဲ့ နာမည်ပြောင်ကိုခေါ်တိုင်း တကယ်ဗိုက်နာပြီး အီးပါချင်တဲ့အထိ ဖြစ်တတ်ပါတယ် အဲ့ trauma ကို ကုသဖို့အတွက် trauma စ ဖြစ်အောင်လုပ်ခဲ့တဲ့ သူနဲ့ ပြန်ကုစားမှ ရမှာပါ ဒါကြောင့် သူ့ကို trauma ဖြစ်အောင်လုပ်ခဲ့တဲ့သူကို ရှာဖို့ အလယ်တန်းကျောင်းသားတွေ့ဆုံပွဲကို သူ သွားခဲ့ပါတယ် သူ့ကို trauma ဖြစ်အောင်လုပ်ခဲ့တဲ့သူက သူ့အချစ်ဦး ဂျူဆောယွန်းဖြစ်နေတဲ့အခါ... သူတို့တွေ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Love With Flaws ဆိုတဲ့ Comedy,Romance series လေးမှာ ဆက်လက်ကြည့်ရှုကြပါနော် ဒီဇာတ်ကားလေးကို MBC ရုပ်သံလိုင်းကနေ အပတ်စဉ် ဗုဒ္ဓဟူး ကြာသပတေးနေ့တိုင်း ထူတ်လွှင့်ပြသမှာဖြစ်ပြီး အပိုင်း ၁၆ ပိုင်းပါဝင်မှာပါတယ်... Native Title: 하자있는 인간들 Episodes: 32 Aired: Nov 27, 2019 - Jan 16, 2020 Aired On: Wednesday, Thursday Original Network: MBC Translated by Hay Thar Oo & Shoon Thu Thu Chain Encoded by Naing Aung Latt
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 27, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director