
Red sleeves မှာ အကြီးအကျယ် ဒူးနဲ့မျက်ရည်သုတ်ကာ ဝမ်းနည်းပက်လက် ကြေကွဲခဲ့ရတဲ့ ပရိသတ်တွေအတွက် အခုတစ်ခါမှာတော့ မင်းသား Lee Jun Ho ရဲ့ “ King the Land “ အမည်ရတဲ့ ဟာသဇာတ်နှော ရိုမန့်ကားလေးတစ်ကားကို ဒီနေ့ Netflix ကနေ စတင်ပြီးကြည့်ရှုရတော့ဖြစ်ပါတယ် ,,, မင်းသမီးကလည်း Girl Generation က ပြည်သူ့အချစ်တော် Yoona ဖြစ်တဲ့အတွက် ...တကယ်ကို Visual မိုက်တဲ့စုံတွဲကို တဝကြီးကြည့်ရတော့မှာမို့ ရင်ခုန်စရာပဲနော် ဒီလို မိမိုက်တဲ့အတွဲရဲ့ဇာတ်လမ်းလေးကတော့ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ King Hotel ပိုင်ရှင်ရဲ့သူဌေးသား ဂူဝန်ဟာ ဂုဏ်အရှိန်အဝါကြီးပြီး သူများတွေထက်လည်း တမူထူးခြားတဲ့အပြုအမူအကျင့်စရိုက်ရှိတဲ့သူတစ်ယောက်ပါ .. လုပ်ငန်းဆက်ခံသူတစ်ဦးအနေနဲ့ လုပ်ငန်းသဘောတရားသင်ယူဖို့အတွက် King Hotel မှာ အလုပ်သင်တစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့ပါတယ်.. တဖက်မှာလည်း ဆာရန်းဟာ သွက်လက်ထက်မြက်တဲ့အပြင် သူ့ကိုထိရင်လည်း ပြန်စွာတတ်ပြီး ပျော်ပျော်နေတတ်တဲ့ကောင်မလေးတစ်ယောက်ပါ.. ဟိုတယ်ဝန်ထမ်းဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့သူမဟာ တနေ့မှာ King Hotel မှာ အလုပ်ဝင်ခွင့်ရရှိခဲ့ပြီး သူ့အိပ်မက်ဟာ လက်တွေ့ဖြစ်လာခဲ့ပါတယ်.. ဒီလိုနဲ့ပဲ King Hotel မှာ ဂျစ်ကန်ကန်သူဌေးသားလေး နဲ့ ခပ်စွာစွာကောင်မလေးတို့ရဲ့ ရေစက်ကံကြမ္မာဟာ စတင်လာပါတော့တယ် နှစ်ယောက်သားရဲ့ ဘုနဲ့ဘောက် ကတောက်ကဆလေးတွေကနေ ဘယ်လိုမျိုးချစ်ကြိုးလေးတွေသွယ်ပြီး ရိုကြမလဲဆိုတာကို ကဲ ခုပဲကြည့်လိုက်ရအောင်….. Episodes: 16 Aired: Jun 17, 2023 - Aug 6, 2023 Aired On: Saturday, Sunday File Size:800MB, 300MB Quality :Web-DL 1080p,720P Genres: Comedy, Romance Translated by Miri, Hnin Wai Oo, AHtet, Thinn Thinzar & Tiff Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။