
Save the Tigers(IMDb 8.1/10) ယောကျာ်းတွေမကောင်းတဲ့ကား ယောကျာ်းတွေက မိန်းမတွေကိုအနိုင်ကျင့်တဲ့ကား အမျိုးသမီးအခွင့်အရေးတန်းတူရရေး ဘာညာကားတွေကြည့်ရလို့ ရိုးနေပါပြီလား ကမ္ဘာဦးအစကနေ ယနေ့အထိ သင်တို့ဒူးတုန်အောင်ကြောက်ရတဲ့ နံရိုးတစ်ဖက် ချစ်သူလေးများအကြောင်းကို အမှန်အတိုင်းဖော်ထုတ်တင်ဆက်ပေးမဲ့ imdb rating 8.1 ထိ အလန်းစားရရှိထားတဲ့ အိန္ဒိယစီးရီးလေးလာပါပြီ ဇာတ်လမ်းနာမည်က စကြည့်လိုက်ပါ save the tiger ကျားများကိုကယ်တင်ပါတဲ့ ဟုတ်ပါတယ် ဒီထဲကယောကျာ်းတွေအကုန်မိန်းမကြောက်ရပါတယ် ဇာတ်လမ်းအစမှာတည်းက မူးပြီးမောင်းလို့ ရဲဖမ်းခံထိ ကားသိမ်းခံရတာကို မိန်းမနာမည်နဲ့ကားဖြစ်နေလို့ တရားရုံးကို မိန်းမမခေါ်ရဲလို့ ရဲမှူးကို သွားတောင်းပန်တာက စပါတယ် သူတို့ကိုလှိမ့်ပိတ်ဟောက်နေတဲ့ ဆရာရဲမှူးကလည်း ဖုန်းထဲမှာ မိန်းမဟောက်တာခံနေရတာပါ အဲ့တော့မှ ဘဝတူချင်း အတွေ့အကြုံတွေဖလှယ်ကျရင်း အခွီ မယကဇာတ်လမ်းလေးပေါ်လာပါတော့တယ် ဟာသဇာတ်လမ်းဆိုပေမဲ့ ပေါဟာသတွေ အောက်လုံးတွေမပါ ကျားမအခွင့်အရေး အိမ်ထောင်ရေး Parenting စတာတွေကို ရှုထောင့်တစ်ခုကနေရိုက်ပြထားတာမို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်မယ့် ဘဝအမောပြေဇာတ်လမ်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File Size – 800MB / 400MB Quality – 1080p WEB DL / 720p Duration – 30mins Total Episodes: 6Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Drama Translator – BpL~HM~Sai~Yunni~Khin~Cherry Encoder – YK