
ကျွန်မမှာ အိမ်မက်တစ်ခုရှိတယ် သိပ်ဝန်မခံချင်ပေမဲ့...... သူ့နာမည်က * သွမ်..ကျား..ရွှီ * အခုကစပြီး ကျွန်မအိမ်မက်နဲ့နီးစပ်ဖို့ကြိုးစားတော့မယ် " -စန်းကျီ ----- "သူများမှာရှိတဲ့အရာမှန်သမျှ ကိုယ့်ရဲ့ကျီကျီမှာ ရှိစေရမယ် ၊ ကိုကိုက မင်းကိုတစ်သက်လုံး နစ်နေအောင်ချစ်မှာ" - သွမ်ကျားရွှီ --------- ဇာတ်လမ်းအညွှန်း ဆယ်ကျော်သက်အရွယ်ဟာ နှလုံးသားကနေ ဖြူစင်တဲ့ စည်းချက်မြည်တီးနေတဲ့ ရင်ခုန်စရာနေ့ရက်တွေဖြစ်ပါသတဲ့ -ဒီလိုပဲ အသက်၇နှစ်ကွာတဲ့ သွမ်ကျားရွှီဟာ ၁၃နှစ်အရွယ်စန်းကျီရဲ့ အချစ်ဦးပါတဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ မောင်နှမနှစ်ယောက်-စန်းရန်နဲ့စန်းကျီ စန်းကျီရဲ့အစ်ကိုဖြစ်သူ စန်းရန်ဟာ သွမ်ကျားရွှီနဲ့ငယ်ပေါင်း သူငယ်ချင်းရင်းတွေဖြစ်ပါတယ်၊ဒီလိုနဲ့ စန်းရန်အပြင်လစ်ပြီး ဂိမ်းဆော့တဲ့အချိန် ကျောင်းသူလေးစန်းကျီကိုထိန်းကျောင်းဖို့ဟာ ကိုကိုသွမ်ကျားရွှီတာဝန်ဖြစ်လာပါတော့တယ်၊ ထိန်းကျောင်းဖို့ဆိုတာထက် စန်းကျီနဲ့အတူ ပေါက်တက်ကရလိုက်မွှေပေးဖို့ဆို ပိုမှန်ပါလိမ့်မယ် ဒါပေမဲ့ အချစ်ဦးဇာတ်လမ်းတွေမှာ ဖြောင့်ဖြူးခြင်းဆိုတာ မရှိစမြဲပါပဲ၊သို့သော် နိဂုံးတော့မဟုတ်ခဲ့ပါဘူး... အခြေအနေအမျိုးမျိုးကြောင့်အချိန်အကြာဝေးကွာပြီးတဲ့မှ သူတို့နှစ်ယောက်ပြန်ဆုံတွေ့တဲ့ခါ... အထက်တန်းပြီးလို့ တက္ကသိုလ်ကျောင်းသူလေးဖြစ်နေတဲ့ စန်းကျီတစ်ယောက် ကိုကိုသွမ်ကျားရွှီမျက်လုံးထဲမှာ ကလေးလေးအဖြစ်ပဲဆက်ရှိနေဦးမလား... သွမ်ကျားရွှီရဲ့အလိုလိုက်နွေးထွေးမှုတွေက သကြားခဲလေးကို သကာရည်ပြောင်းလဲစေမလားဆိုတာ... Quality : WEB-DL 720p,1080p Total Episodes : 25 Format : mp4 Genres : Drama , Romance Duration : 45 min per Episode Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 20, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
9.3 / 10
Director
Li Qing-Rong